Wednesday, June 10, 2015

Obelit (orlistat 120) အဆီချပိန်ဆေး

Obelit အဆီချပိန်ဆေး ထဲမှာ orlistat 120mg ပါဝင်ပါတယ်။
တစ်ကဒ် မှာ capsule ၁၀တောင့် ပါဝင်ပါတယ်။ တစ်ဗူး တစ်ကဒ် ပုံစံနဲ့လာတယ်။  medi myanmar ဆေးကုမ္ပဏီက တင်သွင်းတယ်။ တခြားbrand( Zytrim,Xenical)စတဲ့ ဆေးတွေထက် ဈေးအများကြီး ပိုချိုတယ်။ အဆီချပိန်ဆေးထဲမှာ ဆရာဝန်လက်မှတ်မလိုပဲ ရရှိနိုင်တာ ဒီဆေးတမျိုးသာရှိတယ်။ဆရာဝန်လက်မှတ် လို၊မလိုဆိုတာ ပါတဲ့ mg ပေါ်လဲ မူတည်သေးတယ်။ Orlistat 60 mg ဆိုရင် လက်မှတ်မလိုအပ်ပေမယ့် orlistat 120mg က ဆရာဝန်လက်မှတ်ပါမှ ရောင်းချရတယ်။

Thursday, May 28, 2015

Baschi slimming pill အွန်လိုင်းပိန်ဆေး

Q.ဆရာ အွန်လိုင်းမှာ ခေတ်စားနေတဲ့ baschi ပိန်ဆေးအကြောင်း အချိန်ရရင် ရှင်းပြပေးပါလား။

Q.ဆရာ baschi slimming ရဲ့အကြောင်း စာတပုဒ်လောက်ဖော်ပြပေးပါလား၊ ဆရာအားရင်ပြောတာပါ။ကျေးဇူးတင်ပါတယ်။ ဆရာ့ကို အမြဲအားပေးနေပါတယ်

Q.baschi ပိန်းဆေးနဲ့ပတ်သက်ပြီး ဆရာ့အမြင်ကိုသိချင်ပါတယ်ခင်ဗျာ။ ကျွန်တော့်ကောင်မလေးက ဝယ်သောက်ချင်တယ်ပူဆာနေလို့ပါ။

Tuesday, May 26, 2015

ဆီးဖြူသီး


ဆရာရှင့် ကျွန်မ အဖေက အသက် 60 ကျော်ပါပြီ
ခုတလော ဇီးဖြူသီး အရမ်းစားနေပါတယ်.. ဇီးဖြူသီး အများကြီးစားရင်
ဘာတွေဖြစ်တတ်ပါသလဲဆရာ ဇီးဖြူသီးအကြောင်းမျှဝေပေးစေလိုပါတယ်ရှင့်
လေးစားစွာဖြင့်
:)

Liv 52(Liver detox supplement) အာယုဗေဒ အသည်းအားဆေး

ဆရာ Hamalaya က ထုတ်တဲ့ Liv 52 အကြောင်းလေး သိရင် ရှင်းပြပေးပါ ခင်ဗျာ။ အိန္ဒိယ made လေးပါ

အသည်းအားဆေးအကြောင်းမပြောခင် အသည်းအင်ထရို အရင်ဝင်ပါရစေ။ အသည်းဆိုတာ ခန္ဓာကိုယ်မှာ အကြီးဆုံးအစိတ်အပိုင်းဖြစ်ပြီး ဝမ်းဗိုက်ရဲ့ ညာဖက်မှာ နေရာယူထားတယ်။ hepatocyte အသည်းဆဲလ်ဆိုတာ ပြန်လည်ပွားများနိုင်တယ်။ အသည်းအစားထိုးသူတွေမှာ အသည်းတခြမ်းပေးရုံနဲ့ အသက်ရှင်နိုင်တယ်။ အသည်းသဘောက ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ ဓာတုပစ္စည်း၊အဆိပ်အတောက်တွေကို ရှင်းလင်းပေးရတယ်။ ဒါတင်မက

Sunlife ရေဆူဆေးပြား

Sunlife ရေဆူဆေးပြားတွေအကြောင်းသိချင်လိုပါ။ ဘယ်အမျိုးအစားကဘာအတွက်ကောင်းပါသလဲဆရာ ၊မေးတာတွေကိုအမြဲစိတ်ရှည်ရှည်နဲ.ပြန်ဖြေပေးတဲ.ဆရာ့ကို အထူးကျေးဇူးတင်ပါတယ်။

Sunlife Multivitamin(အစိမ်းရောင်)  
ဗီတာမင် (၁၀)မျိုးပါတယ်။ကိုယ်၊စိတ်ဖိစီးမှုအတွက် ဖြစ်တယ်။ ဆီးချိုသမား၊သွေးတိုးသမား တွေနဲ့ သင့်တော်တယ်။ စိတ်ကို ကြည်လင်လန်းဆန်းစေတယ်။

Enervon-C ရေရှည်စွဲမသောက်သင့်တဲ့ အားဆေး

မြန်မာနိုင်ငံဆေးဈေးကွက်ထဲမှာ သုံးစွဲ သူ တော်တော်များတယ်။
ဆေးသောက်ပြီးရင် လူကိုကြည်လင်လန်းဆန်းစေတယ်။
အားအင်ပြည့်ဖြိုးစေတယ်။ အလုပ်ပိုလုပ်နိုင်တယ်။စွဲသောက်သူတချို့က ဒီဆေးသောက်မှလန်းတယ်ထင်ကြတယ်။ တချို့က ဆေးမသောက်ရင် နေလို့မကောင်းတာမျိုးထိရှိတယ်။
ဒါ့ကြောင့် တခါဆေးပြတ်သွားတုန်းက တစ်လုံးကို ၂၀၀၊၂၅၀ထိ ပေးသောက်ကြတာပဲ။

Glotamin-C အင်နာဗွန်-စီလို အားဆေး တစ်မျိုး

Glotamin-Cဆိုတာ အင်နာဗွန်-စီလို အားဆေး မျိုးဖြစ်ပြီး ဗီယက်နမ် ဆေးဝါး ကုမ္ပဏီ Glomedက ထုတ်လုပ်တင်သွင်းတယ်။ ပါဝင်တဲ့ဆေးအချိန်အဆက Enervon-Cနဲ့ အကုန်အတူတူပဲ။ anti-stress formula နဲ့ ထုတ်လုပ်ထားတယ်။ ကွာခြားသွားတာက ဈေးပဲ ဖြစ်တယ်။ Enervon-Cက တစ်လုံး ၁၅၀ လောက်ဖြစ်နေချိန်မှာ Glotamin-C က တစ်လုံး ၁၀၀လောက်သာ ရှိမယ်။ Enervon-Cသောက်ဖို့ ဈေးကြောင့် အခက်အခဲဖြစ်နေသူတွေ ပြောင်းလဲသောက်သုံးနိုင်တယ်။ တစ်ဗူးမှာ လိမ္မော်ရောင်ဆေးတောင့် အလုံး ၁၂၀ ပါဝင်တယ်။ vitamin C 500ပါဝင်တဲ့ ဆေးတော်တော်များများက လေဝင်ရင်

Regro 5% spray(minoxidil 5%) ဆံပင်ပေါက်ဆေး

Regro 5%ထဲမှာ minoxidil ဆံပင်ပေါက်ဆေး တမျိုးပါဝင်ပါတယ်။ ဒီbrandမှာ 3%နဲ့ 5%ဆိုပြီး နှစ်မျိုးလာတယ်။ spray ဖြန်းဆေးပုံစံမျိုးဖြစ်ပါတယ်။ 60ml ဗူးနဲ့ လာတယ်။ တစ်လစာအတွက် ဖြစ်ပါတယ်။ Regro sprayဆိုတာ DHAရဲ့ product တခု ဖြစ်ပါတယ်။ DHAဆိုတာ Drug houses of Australiaရဲ့ အတိုကောက်ပါ။ စင်ကာပူနိုင်ငံက ထုတ်လုပ်ဖြန့်ချီတယ်။ မြန်မာနိုင်ငံဈေးကွက်ထဲကို ဇီဇဝါ ကုမ္ပဏီက တင်သွင်းပေးတယ်။

Xenical(orlistat 120mg) original အဆီချ ပိန်ဆေး

Xenical အဆီချပိန်ဆေးထဲမှာ orlistat 120mg ပါဝင်ပါတယ်။ 
တစ်ကဒ်မှာ အပြာရောင်capsule ၂၁ လုံးပါဝင်ပါတယ်။ 
ဆေးတစ်ဗူးမှာ လေးကဒ် ပါတယ်။original brand ဖြစ်လို့ ဈေးပိုကြီးတယ်။ 
တခြား Zytrim,Obelitဆိုတဲ့ နာမည်နဲ့လည်း မြန်မာနိုင်ငံမှာ ရရှိနိုင်တယ်။ 
အဆီချပိန်ဆေးထဲမှာ ဆရာဝန်လက်မှတ်မလိုပဲ ရရှိနိုင်တာ ဒီဆေးတမျိုးသာရှိတယ်။ 
ဆရာဝန်လက်မှတ် လို၊မလိုဆိုတာ ပါတဲ့ mg ပေါ်လဲ မူတည်သေးတယ်။ 
Orlistat 60 mg ဆိုရင် လက်မှတ်မလိုအပ်ပေမယ့် orlistat 120mg က ဆရာဝန်လက်မှတ်ပါမှ ရောင်းချရတယ်။ 

Obestat(orlistat 120mg) အဆီချပိန်ဆေး တစ်မျိုး

Obestatဆိုတာ အဆီချပိန်ဆေးတစ်မျိုးပါ။ မြန်မာနိုင်ငံဈေးကွက်ထဲမှာ အဆီချပိန်ဆေးတွေ မနည်းမနော ရှိကြတယ်။ ဆင်တူရိုးမားနာမည်တွေနဲ့ ခေါင်းရှုပ်စရာပါ။ Obestat 10ဆိုတဲ့ နာမည်နဲ့ ciplaကုမ္ပဏီကထုတ်တဲ့ ဆေးတမျိုးလည်း ရှိတယ်။ ciplaရဲ့ Obestatမှာ တားမြစ်ထားတဲ့ ပိန်ဆေးတစ်မျိုးဖြစ်တဲ့ sibutramine ကို ထည့်သွင်းထားတယ်။ ယခုဖော်ပြမယ့် Obestat ကတော့ MDCဆေးကုမ္ပဏီက ထုတ်တဲ့ အဆီချပိန်ဆေးတစ်မျိုးဖြစ်ပါတယ်။ Obestat ထဲမှာ orlistat 120mg ပါဝင်ပါတယ်။ ၁၀လုံး တစ်ကဒ် ပုံစံမျိုးဖြစ်တယ်။တစ်ဗူးမှာ Alu-Aluကဒ်

Orlifit (orlistat 120) အဆီချပိန်ဆေး နောက်တစ်မျိုး

Orlifit အဆီချပိန်ဆေးထဲမှာ orlistat 120mg ပါဝင်ပါတယ်။
တစ်ကဒ်မှာ capsule ၁၀တောင့် ပါဝင်ပါတယ်။ တစ်ဗူး တစ်ကဒ် ပုံစံနဲ့လာတယ်။ Getz pharma ဆေးကုမ္ပဏီက ထုတ်လုပ်ထားတယ်။ တခြားbrand တွေထက် ဈေးပိုသက်သာတယ်။ obelit ထက် ဈေးနည်းနည်းပိုမယ်။ Zytrim,Xenical စတဲ့ ဆေးတွေထက် ဈေးအများကြီး ပိုချိုတယ်။ 

အဆီချပိန်ဆေးထဲမှာ ဆရာဝန်လက်မှတ်မလိုပဲ ရရှိနိုင်တာ ဒီဆေးတမျိုးသာရှိတယ်။

Zytrim(orlistat 120) အဆီချပိန်ဆေး

Zytrim အဆီချပိန်ဆေးထဲမှာ orlistat 120mg ပါဝင်ပါတယ်။အဆီချပိန်ဆေးထဲမှာ ဆရာဝန်လက်မှတ်မလိုပဲ ရရှိနိုင်တာ ဒီဆေးတမျိုးသာရှိတယ်။
ဆရာဝန်လက်မှတ် လို၊မလိုဆိုတာ ပါတဲ့ mg ပေါ်လဲ မူတည်သေးတယ်။
Orlistat 60 mg ဆိုရင် လက်မှတ်မလိုအပ်ပေမယ့် orlistat 120mg က ဆရာဝန်လက်မှတ်ပါမှ ရောင်းချရတယ်။

Orlistat ဆိုတာ အဆီ၊အဆိမ့် အစားများသူတွေအတွက် အသုံးကျတယ်။ဥပမာ-ဘဲသား၊အမဲသား၊ဝက်သားစတဲ့ အဆီတွေ အစားများသူ၊ ဝတဲ့သူတွေ ပိန်ချင်တဲ့အခါ အသုံးပြုတယ်။

Avamigran ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ အမြန်ဆုံးသက်သာစေဖို့

Avamigran ထဲမှာ ergotamine 1mgနဲ့ caffeine 100mg ပါဝင်ပါတယ်။ စင်ကာပူနိုင်ငံ အခြေစိုက် Invida ကုမ္ပဏီက ထုတ်လုပ်ထားတယ်။ တစ်ကဒ်မှာ ဆေးလုံး၁၀လုံးပါဝင်တယ်။ ပါဝင်တဲ့ ဆေးနှစ်မျိုးလုံးက သွေးကြော ကျဉ်းစေ၊ ကျုံ့စေနိုင်တဲ့ အစွမ်းရှိတာကြောင့် မိုက်ဂရိန်းခေါ်တဲ့ ခေါင်းတစ်ခြမ်း ကိုက်တဲ့ဝေဒနာတွေမှာ ပေးနိုင်တယ်။ acute attack migraine ခေါ်တဲ့ ရုတ်တရက် ဆိုးဆိုးဝါးဝါး ခေါင်းတစ်ခြမ်း ထိုးကိုက်တဲ့အခါ အသုံးပြုနိုင်တယ်။ နောက်ထပ်မဖြစ်အောင် ကာကွယ်ဖို့လဲ preventionအနေနဲ့ ပေးတတ်ကြတယ်။ တခြား သွေးကြောနဲ့ပတ်သက်တဲ့ ခေါင်းကိုက်ဝေဒနာတွေမှာလဲ လိုအပ်သလို အသုံးပြုနိုင်တယ်။

Duovir အိပ်ခ်ျအိုင်ဗွီပိုးကူးစက်ခံရရင် ဘယ်လိုကာကွယ်မလဲ


Duovir ဆိုတာ lamivudin 150mgနဲ့ zidovudine 300mg ကို ပေါင်းစပ်ထားတဲ့ ဆေးတမျိုးဖြစ်ပါတယ်။ အိပ်ခ်ျအိုင်ဗွီရောဂါမှာ ပေးတဲ့ ဆေးနှစ်မျိုးကို အချိုးကျပေါင်းစပ်ထားတယ်။ ရောဂါကုသဖို့သာမက ကာကွယ်ဖို့အတွက်ပါ ပေးနိုင်တယ်။ ကာကွယ်တယ်ဆိုတာ HIVပိုးနဲ့ မတော်တဆ ထိခိုက်မိတဲ့အခါမှာ အရေးပေါ်ကာကွယ်ဖို့ကို ဆိုလိုတာပါ။ဆေးကြောင့် ကူးစက်နိုင်ခြေကို ၈၀ရာခိုင်နှုန်းလောက် လျှော့ချပေးနိုင်တယ်။ သတိပြုသင့်တာက morning after pillsခေါ်တဲ့ အရေးပေါ်တားဆေးတွေနဲ့ သဘောတရားချင်း တူမှာမဟုတ်ဘူး။ ကာကွယ်တယ်ဆိုပေမယ့် တားဆေးလို ကာကွယ်ဖို့သီးသန့်ထုတ်ထားတဲ့ဆေး မဟုတ်ဘူး။ ဝင်လာမယ့်ရောဂါကို

Pentaxim ရောဂါငါးမျိုးအတွက် ကာကွယ်ဆေး

Pentaxim ဆိုတာ ကူးစက်နိုင်တဲ့ ရောဂါ၅မျိုးကို ကာကွယ်တဲ့ ဆေးတမျိုးဖြစ်ပါတယ်။
ရောဂါ၅မျိုးဆိုတာ ဆုံဆို့၊ကြက်ညှာ၊မေးခိုင်၊ပိုလီယိုနဲ့ H.influenzae type b ဦးနှောက်အမြှေးရောင်ရောဂါ စတာတွေကို ကာကွယ်ပေးတယ်။ဒီကာကွယ်ဆေးကို Sanofi Pasteur ကုမ္ပဏီက ထုတ်လုပ်ဖြန့်ချီပါတယ်။မြန်မာနိုင်ငံဈေးကွက်ထဲကို သက်ပိုင်စိုးကုမ္ပဏီက ဖြန့်ဖြူးရောင်းချပေးတယ်။
Sanofi Pasteur ဆိုတာ
-Sanofi-Aventis ကုမ္ပဏီရဲ့ vaccine ကာကွယ်ဆေးချည်း သီးသန့်ထုတ်တဲ့ ဌာနခွဲတခုဖြစ်ပါတယ်။

ဆေးဝါးကမ္ဘာနှင့် ခဏတာ

မေး-ပထမဆုံးအနေနဲ့ Medicine World ကို စပြီး ဖွင့်လှစ်ခဲ့တဲ့ အချိန်ကာလလေးကိုပြောပြပါဦး ဘယ်လောက်ကြာပြီလဲ ။
ဖြေ-Medicine Worldဆေးဆိုင်ကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကျော်လောက်က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အတိအကျပြောရရင်တော့ ၂၀၁၁ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ၂၃ရက်မှာ ဖွင့်ဖြစ်သွားတာကလည်း ကျွန်တော့်မွေးရက် ဖြစ်တဲ့၂၃နဲ့တူလို့ မှတ်ရလွယ်အောင် အဲဒီရက်မှာ ဖွင့်လှစ်ခဲ့တာပါ။ 

Riconia tab မိုက်ခရိုနျူးထရိယန့်ပါ ထပ်ပေါင်း အားဖြည့်ပေးမယ့် အားဆေးမျိုး

Riconia tabletမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် အမျိုး(၃၀)လောက် ပေါင်းစပ်ထားတယ်။ micronutrientခေါ်တဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်တယ်။ ဒါ့ပြင် ဗီတာမင်မျိုးစုံနဲ့ဖြည့်တင်းထားသေးတယ်။ ကုသဖို့ထက် နေ့စဉ်သောက်သုံးဖို့ ထုတ်လုပ်ထားတယ်။ အစားအသောက် စုံစုံလင်လင်မစားသူတွေ၊အစာဂျီးများသူတွေ၊ကိုယ်ဝန်ဆောင် နို့တိုက်မိခင်တွေ အပြင် ကြီးထွားဖွံ့ဖြိုးစအရွယ်မှာ လိုအပ်တဲ့ဓာတ်တွေကို ဖြည့်တင်းပေးနိုင်တယ်။ အိန္ဒိယဆေးကုမ္ပဏီ Ranbaxyကနေ ထုတ်လုပ်တယ်။ဆေးပုံစံက လိမ္မော်ရင့်ရောင် သောက်ဆေးတောင့်တွေ ဖြစ်ပါတယ်။ ၁၀လုံး တစ်ကဒ်ပုံစံနဲ့ လာတယ်။ 

Beucogen နတ်သမီးလေးလို လှစေချင်

ဒီဖက်ခေတ်ကာလမှာ အသားလှဆေးတွေ တခုပြီးတခု အပြိုင်အဆိုင် ဝင်လာကြတယ်။ အသားလှဆေးတွေထဲမှာ ဂျပန်နဲ့ ကိုရီးယားက လာတဲ့ဆေးတွေက ခေတ်စားလှတယ်။ အသားလှဆေးမျိုးစုံ ၊ကြေငြာမျိုးစုံနဲ့ ဝင်လာတဲ့ဆေးတွေထဲမှာ Beucogenခေါ်တဲ့ အသားလှဆေးတမျိုးလည်း တခုအပါအဝင် ဖြစ်ပါတယ်။ Beucogenဆိုတာ Japan ဖော်မြူလာနဲ့ထုတ်ထားတဲ့ အသားလှဆေးတမျိုး ဖြစ်ပါတယ်။3 in 1 formulaနဲ့ ထုတ်လုပ်ထားတယ်။  3 in 1 formulaဆိုတဲ့သဘောက 
၁။အသားအရေကို ကြည်လင်ဝင်းပစေခြင်း၊

Protectone ပရိုတင်းအပြင် အင်နာဂျီ ပြည့်ဝစေမည်

Protectoneဆိုတာ ပရိုတင်းအားဖြည့် ဆေးတမျိုးပါ။ အားဆေးတွေထဲမှာ ပရိုတင်းအဓိက၊ဗီတာမင်အဓိက၊သံဓာတ်အဓိကဆိုပြီး ရှိကြတယ်။ ဒီဆေးက ပရိုတင်းအပြင် ကစီဓာတ်နဲ့ သံဓာတ်ကိုပါ ဖြည့်စွက်ပေးတယ်။ ပရိုတင်းဆိုတာမျိုးက ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားဖို့ အတွက် လိုအပ်ပါတယ်။ ငယ်ရွယ်စဉ်မှာ လိုအပ်သလို ကြီးတဲ့ချိန်ထိလည်း လိုအပ်နေဆဲပါ။ ဘာ့ကြောင့်လဲဆိုတော့ ခန္ဓာကိုယ်ဖွဲ့စည်းဖို့တင်မက တခြားဇီဝဖြစ်စဉ်မှာပါ အရေးကြီးလို့ ဖြစ်ပါတယ်။ protectoneဟာ ဆေးရည်ပုံစံဖြစ်တာကြောင့် ကလေးတွေနဲ့သင့်တော်သလို လူကြီးတွေလည်း သောက်နိုင်တယ်။ 100mlပါဝင်တဲ့ဗူးပုံစံနဲ့ လာပါတယ်။ အိန္ဒိယနိုင်ငံ Genoဆေးကုမ္ပဏီက ထုတ်လုပ်ဖြန့်ချိတယ်။

လေထခြင်းအတွက်ဆေး


အစာအိမ်‌နာ ‌လေထခြင်းအတွက်‌ ဘယ်‌‌ဆေး‌ကောင်းပါသလဲ။ အလုပ်‌က အလှပြင်‌ဆိုင်‌ဖွင့်‌ထားတာဆို‌တော့ ထမင်းစားချိန်‌ ပုံမှန်‌ထားလို့မရပါဘူး၊ အဆာလွန်‌ပီး ‌လေထတာမျိုး မကြာခဏဖြစ်‌တက်‌တာ ‌‌ဆောင်‌ထားလို့ရတဲ့ ‌ဆေးမျိုးရှိရင်‌ လမ်းညွန်‌‌ပေးပါရှင်‌
‌ကျေးဇူးတင်‌ပါတယ်‌
အစာအိမ်နာဖြစ်ခြင်းအတွက်

V-melatonin အိပ်ဆေးမှ အိပ်ဆေး တမေးထဲမေးနေသူတွေအတွက်

မြန်မာနိုင်ငံမှာ အိပ်ဆေးတွေ အမျိုးမျိုးရှိပေမယ့် တကယ်ဝယ်သောက်ချင်တဲ့အခါ မလွယ်ကူတာတွေ့ရတယ်။ ဘာ့ကြောင့်လဲဆိုတော့ အိပ်ဆေးတော်တော်များများဟာ ဆရာဝန်ရဲ့ ညွှန်ကြားချက်၊ လက်မှတ်ပါမှသာ ရောင်းချရလို့ပါ။ ဆေးဆိုင်တွေမှာ သွားဝယ်တဲ့အခါ ဘာမီတွန်လောက်သာ ပေးနိုင်သုံးစွဲနေကြရတယ်။ ဒါ့ကြောင့် တချို့အိပ်မရသူတွေ အိပ်ဆေးသောက်ချင်တဲ့အခါ အတော်ဒုက္ခရောက်ရတယ်။ အိပ်ဆေးထဲမှာ herbalပင်တွေက ထုတ်တဲ့ဆေးအများစုဟာ ဆရာဝန်လက်မှတ်မလိုတတ်ဘူး။ ဥပမာ Fameကထုတ်တဲ့ herbal sleepလို သဘာဝအိပ်ဆေးမျိုးက ဆရာဝန်လက်မှတ်

G Trim လက်ဖက်စိမ်းပါဝင်တဲ့ သံပုရာရနံ့ဖျော်ရည်နဲ့ အဆီချမယ်

G Trim အကြောင်းကို မြန်မာနိုင်ငံ ဆေးရောက်စ ကတည်းက ရေးမလို့ပါ။ အချိန်မအားတာနဲ့ မရေးဖြစ်ခဲ့ဘူး။ ဒီဆေးအကြောင်း မေးထားတာ ၃ ယောက်ရှိပြီဖြစ်လို့ ရေးပါတယ်။ ကြေငြာတာ မဟုတ်ဘဲ ဆေးသဘော သိအောင် ရေးပါမယ်။G Trimဆိုတာ လက်ဖက်စိမ်းပါဝင်တဲ့ အဆီချဖျော်ရည်တမျိုး ဖြစ်တယ်။ Gဆိုတာ Green teaကို ကိုယ်စားပြုပြီး Trimဆိုတာ မလိုအပ်တဲ့ အဆီပိုတွေ ဖယ်ရှားတဲ့သဘောမျိုး ဖြစ်ပါတယ်။ သဘာက လက်ဖက်စိမ်းကို အသုံးချပြီး အဆီပိုတွေ ဖယ်ရှားမယ်ပေါ့။ ဆေးဖက်ဝင်အပင်တွေကနေ ထုတ်ထားတယ်။  ထုတ်လုပ်တဲ့ကုမ္ပဏီက သြစတျေးလျနိုင်ငံ CMPS(contract manufacturing and packing services)က ဖြစ်ပါတယ်။ 7gပါဝင်တဲ့

Dextrosin ချောင်းဆိုးကင်းစင် ဒက်စ်ထရိုစင်

Dextrosinဆိုတာ အင်ဒိုနီးရှားနိုင်ငံက ထုတ်တဲ့ ချောင်းဆိုးပျောက်ဆေး တမျိုးဖြစ်တယ်။ အခဲနဲ့ အရည်ပုံစံနှစ်မျိုးလာတယ်။ နှစ်မျိုးလုံးက လူကြီးသောက်ဖို့ ထုတ်လုပ်ထားတယ်။ သို့သော် အရည်က ကလေးတွေလည်း သောက်နိုင်ပါတယ်။ကလေးငယ်တွေမှာ သုံးချင်တဲ့အခါ ဆေးပမာဏလျှော့ပေး ရတယ်။ မြန်မာနိုင်ငံဈေးကွက်ထဲကို royal rubyဆေးကုမ္ပဏီက ဖြန့်ချိပေးတယ်။  ဆေးတစ်ကဒ်ကို ၁၀၀၀အောက်မှာသာရှိပြီး အရည်ဖြစ်ရင် ပိုဈေးကြီးတယ်။ ဆေးပုံစံက အဝါနဲ့ အပြာရောထားတဲ့ ကဒ်ပျော့ပုံစံဖြစ်တယ်။ အလွယ်တကူ သယ်လို့ရအောင် လုပ်ထားတယ်။

Rotaforte(spiramycin+metronidazole) သွားနဲ့သွားဖုံးရောဂါအတွက် ရိုတာ-ဖို့

Rotaforte ဆိုတာ သွား၊သွားဖုံး၊ပါးစပ်၊ပါးစောင်မှာ ဖြစ်တဲ့ အနာရောဂါတွေမှာ အသုံးပြုနိုင်တဲ့ ပဋိဇီဝပိုးသတ်ဆေး ဖြစ်ပါတယ်။ သွားဆရာဝန်တွေ အသုံးပြုနိုင်တဲ့ဆေးမျိုး ဆိုရင်ပိုမှန်ပါတယ်။ တခြား ရောဂါအချို့အတွက်လည်း အသုံးပြုနိုင်တယ်။ ဒီနေရာမှာ မှားနေတဲ့တချက်ပြောချင်တာက သွား၊သွားဖုံးရောဂါတွေကို အထွေထွေရောဂါကုဆရာဝန်တွေဆီ အများစုလာပြကြတယ်။ သွားရောဂါမှန်ရင် သွားဆရာဝန်နဲ့ ပြတာအကောင်းဆုံးဖြစ်ပါတယ်။ သို့သော် မျက်စိ၊နား၊နှာခေါင်း၊လည်ချောင်း ရောဂါတွေကို အထွေထွေရောဂါကုဆရာဝန်နဲ့ ပြသနိုင်တယ်။ 

Omez insta ရင်ပူတာတွေ ချက်ချင်းသက်သာ အိုမက်ဇ်-အင်စတာ

မြန်မာနိုင်ငံဈေးကွက်ထဲ အသစ်ဝင်လာတဲ့ အစာအိမ်နာပျောက် ဆေးထုပ်တစ်မျိုး ဖြစ်တယ်။  Dr. reddy'sဆေးကုမ္ပဏီက ထုတ်လုပ်ပြီး မြန်မာနိုင်ငံဈေးကွက်ကို Biosysက ဖြန့်ဖြူးရောင်းချပေးတယ်။ Dr. Reddy'sဆိုတာ ၁၉၈၄ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ အိန္ဒိယဆေးကုမ္ပဏီတခု ဖြစ်ပါတယ်။ ဆေးသစ်ဆိုပေမယ့် တခြားနိုင်ငံတွေမှာတော့ ၂၀၀၈ခုနှစ် မေလ ကတည်းက စတင်ရောင်းချခဲ့တယ်။ မြန်မာနိုင်ငံကို ၅နှစ်လောက် နောက်ကျပြီးမှ ဝင်ရောက်လာတဲ့သဘော ဖြစ်ပါတယ်။ အမှန်က omez ရိုးရိုးကို actionမြန်အောင် sodium bicarbonateထည့်ပေးထားတယ်။ omez ဆိုတာ Dr. Reddy's ရဲ့ ပေါက်ပြီးသား ဆေးတခုဖြစ်သလို နိုင်ငံ ၁၄နိုင်ငံမှာ အရောင်းရဆုံး အစာအိမ်ဆေးတမျိုး ဖြစ်ပါတယ်။ 

Nosic(doxylamine,pyridoxine) ကိုယ်ဝန်ဆောင်စဉ် အန်ရင်


ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ကိုယ်ဝန်ရှိစပထမသုံးလမှာ ပျို့ချင်အန်ချင် ဖြစ်တတ်ကြတယ်။ ဒီလိုဖြစ်တာ ထုံးစံလို့ဆိုနိုင်ပေမယ့် တချို့လူတွေမှာ ထင်ထားတာထက် ပိုပြီးခံစားရတတ်တယ်။ အထူးသဖြင့် အဆက်မပြတ်အန်တဲ့သူတွေမှာ ဆေးအကူအညီယူဖို့ လိုလာကြတယ်။ ပုံမှန်အားဖြင့် ကိုယ်ဝန်ပထမသုံးလဟာ အရေးကြီးဆုံးဖြစ်လို့ ဆေးပေးတဲ့အခါ ပိုပြီးသတိထားရတယ်။ အကယ်၍ မိခင်လောင်းတွေ မူးမော၊ပျို့အန်ဖြစ်ရင် ဘာဆေးပေးမလဲ။ လွယ်လွယ်ကူကူသောက်နိုင်တဲ့ဆေးတခုက Nosic ဆိုတဲ့ ဆေးပါ။Nosic ဆိုတာ ကိုယ်ဝန်ဆောင်တွေ ပျို့ချင်၊အန်ချင်ဖြစ်တဲ့အခါ ပေးဖို့အတွက်

Usana အော်ဂင်းနစ်ဆေးတမျိုး


မင်္ဂလာပါဆရာ။ ဆေးအကြောင်းမမေးခင် congratulate အရင်လုပ်ပါရစေ။ ဆရာ့အသက်အရွယ်နဲ့ ကျန်းမာရေးအမေးအဖြေတွေ သာမက ဆေးဝါးအကြောင်းပါ ဆွေးနွေးချက်တွေ ဖတ်ရပါတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူရပါတယ်။အခု လည်း ဆေးအကြောင်းလေးမေးမြန်းဆရာရှိလို့ မေးပါရစေ။ ကျွန်တော်က ပြည်မှာနေတာပါ။ တရက်ကကျွန်တော့်တူမတယောက်က ရန်ကုန်ကနေပြီး ကျွန်တော့်အတွက်ဆိုပြီးသောက်ဖို့ဆေးလေးတွေပို့ပေးလိုက်ပါတယ်။

Livolin ဖေ့စ်ဘွတ်ကမေး အသည်းအားဆေး

ဆရာ ကျွန်တော်က _ပါ။ လွန်ခဲ့တဲ့ နှစ်ရက်လောက်က ဖေ့စ်ဘွခ်မှာ ဆေးသောက် သင့်သလားမေးခဲ့ဘူးပါတယ်။ ဆရာသိမလားမသိဘူး။ ကျွန်တော့်ဦးလေးက အသည်းရောင်နေလို့ livolinအသည်းအားဆေး သောက်သင့်လား လှမ်းမေးတဲ့တယောက်ပါ။ အကြောင်းမပြန်လို့မေးလ်ကနေ တဆင့် မေးရခြင်း ဖြစ်ပါတယ်။ဆေးသောက်သင့်သလား အကြောင်းပြန်ပေးပါဦးဆရာ

Kinohimitsu collagen men drinkအမျိုးသားများအတွက် ကိုလာဂျင်သောက်ဆေးရည်

အမျိုးသားတွေရဲ့ အရေပြားပြဿနာတွေကို ဖြေရှင်းနိုင်ဖို့၊ အသားအရေ တင်းရင်းလှပစေဖို့ ရည်ရွယ်ပြီး ထုတ်လုပ်ထားတယ်။ အဓိကအားဖြင့် အသားအရေ စိုပြေချောမွေ့စေဖို့ collagen ဓာတ်တမျိုးနဲ့ ထုတ်လုပ်ထားတယ်။ ဝက်ခြံ၊အမည်းစက်၊အမာရွတ်၊အရေး အကြောင်းတွေကို လျှော့နည်းသက်သာစေတယ်။ အဆီပြန်တဲ့သူတွေနဲ့ သင့်တော်သလို အရေပြားရဲ့ အစိုဓာတ်ကိုပါ ထိန်းသိမ်းပေးတာကြောင့် အစက်အပျောက်ကင်းစင်ပြီး ဝင်းပတဲ့အသားအရေမျိုး ပိုင်ဆိုင်ရမယ်လို့ ဆိုထားတယ်။ ဒီဆေးမသောက်ခင် kinohimitsu detox juiceကို အရင်သောက်သင့်တယ်လို့ ဆိုပါတယ်။ မလိုအပ်တဲ့ အဆိပ်အတောက်တွေ အရင်ဖယ်ရှားပြီးမှ collagen men drink ကို သောက်ရတယ်။ 

Coversyl plus နှင့် FENO-TG ဆေးနှစ်မျိုး

coversyl plus နှင့် fenofibrate tablets(FENO-TG) အဲဒီ ဆေးက ဘာတွေအတွက် သောက်ရတာလည်း ဆိုတာလေး ကိုကျေးဇူးပြု ပြီးရှင်းပြပေးပါ ခင်ဗျာ  ၊ ကျွန်တော်က အသည်းအဆီဖုံး နေလို့ ဆရာကပေးထားတာပါ

Coversyl plusဆိုတာ သွေးကျဆေးဖြစ်ပါတယ်။ peridoprilနဲ့ indapamide သွေးကျဆေးနှစ်မျိုးကို အတူတကွပေါင်းစပ်ထားတယ်။ သွေးတိုးရှိတဲ့ သူတွေ ဆေးတမျိုးထဲနဲ့ မရတဲ့အခါ နှစ်မျိုးတွဲဆေးမျိုး ပေးရတတ် တယ်။ နေ့စဉ် ပုံမှန်သောက်ပေးဖို့လိုပါတယ်။

Kinohimitsu detox juice အဆိပ်အတောက် ကင်းစင်၊ အသားအလှပိုင်ရှင်

ကီနိုဟီမစ်ဆု(kinohimitsu)ဆိုတာ စင်ကာပူအခြေစိုက် kino biotech ကုမ္ပဏီက ထုတ်လုပ်တဲ့ productဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ လေ့လာမှုအမျိုးမျိုး၊စမ်းသပ်မှုအမျိုးမျိုးလုပ်ကာ ထုတ်လုပ်ခဲ့ပြီး နောက်ပိုင်းမှာ ထိုင်ဝမ်ကို ပြောင်းရွေ့ပြီး ထုတ်လုပ်ခဲ့တယ်။ မလေးရှားနဲ့ စင်ကာပူမှာ Euromonitor Research Houseက ချီးမြှင့်တဲ့ အရောင်းသွက်ဆုံး အသားရည်လှသောက်ဆေးဆုကို 2008 - 2011ထိ သုံးနှစ်ဆက်တိုက် ရရှိခဲ့တယ်။China, Singapore, Malaysia, Vietnam, Thailand နဲ့Indonesiaတွေမှာ သုံးစွဲသူပေါင်း သန်း ၁၅၀၀လောက်ရှိပါတယ်။ kinohimitsu ဆိုတဲ့အဓိပ္ပါယ်က ဂျပန်စကားမှာ "အပင်တွေရဲ့ လျို့ဝှက်ချက်"တဲ့။ kino ဆိုတာ အပင်၊himitsuဆိုတာ လျို့ဝှက်ချက် ကို

Oramin G ကိုရီးယားဂျင်ဆင်းအားဆေး

မြန်မာနိုင်ငံရဲ့ အသုံးများတဲ့ ဂျင်ဆင်းအားဆေးတမျိုး ဖြစ်ပါတယ်။Oramin-Gဆိုတာ တောင်ကိုးရီးယားနိုင်ငံ ဒေးဝန်း(Daewon) ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ ဂျင်ဆင်းအားဆေးတမျိုး ဖြစ်ပါတယ်။AA medical က တင်သွင်းဖြန့်ချိတယ်။ ဗူးပုံစံက ရွှေရောင်ဗူးပုံစံမျိုးဖြစ်ပြီး ဆေးကဒ် ၆ကဒ် ပါဝင်ပါတယ်။ ဆေးတစ်ကဒ်စီမှာ အညိုရောင် ဆေးတောင့်၅ တောင့်စီ ပါဝင်ပါတယ်။ ဆေးတစ်ကဒ်ကို ဈေးအားဖြင့် ၁၀၀၀ဝန်းကျင်ရှိနိုင်တယ်။

Penicillin ပင်နယ်စလင် ပိုးသတ်ဆေး

၁။Antibiotic guideline 2012ထဲက ပါဝင်တာတွေကို အရင်တည်းက စာရင်းပြုစုပြီး မှတ်စုထုတ်ထားပါတယ်။ကိုယ်ပိုင်အသုံးပြုဖို့ gist ထုတ်ထားတာပါ။
၂။ဒီguideline ဟာ ဆေးကုသတဲ့အခါ အရမ်းအသုံးဝင်သလို ဆရာဝန်တွေအတွက်တော့ မရှိမဖြစ်ပါ။
၃။ဆေးကုတဲ့ဆရာဝန်တွေအဖို့ ပိုးသတ်ဆေးတွေရွေးချယ်တဲ့အခါ အင်မတန်လွယ်ကူစေပါတယ်။
၎။တချို့အတွက် လိုအပ်ကောင်းလိုအပ်မယ်ထင်လို့ ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါတယ်။
၅။ဖယောင်းတိုင်မီးကို လက်ဆင့်ကမ်းထွန်းညှိပေးခြင်းသာ

Bowel-Safe capsule ပရိုဘိုင်အောတစ် ဆေးတောင့်

bowel-safeဆိုတာ probiotic တမျိုးဖြစ်ပါတယ်။ bioflor မှာ capsuleပုံစံလာသလို bowel-safeလည်း capsuleပုံစံသာဖြစ်တယ်။ ကွာခြားတာက ဆေးကဒ်ပုံစံလာတာမျိုး ဖြစ်ပါတယ်။ ဆေး တစ်ကဒ်မှာ အဖြူရောင်capsuleတောင့် ၁၀တောင့် ပါဝင်ပါတယ်။ ဆေးတစ်ဗူးမှာ ဆေးကဒ်နှစ်ကဒ်သာ ပါဝင်တယ်။ ဆန်းလွင် ကုမ္ပဏီက တင်သွင်းဖြန့်ချိတယ်။ ဈေးအနေနဲ့  တစ်ကဒ်ကို ၃၀၀၀ ပတ်ဝန်းကျင်ရှိနိုင်တယ်။ bioflorမှာ ၁၀လုံးတစ်ဗူးကို ၈၀၀၀ပတ်ချာလည် ရှိနိုင်လို့ ဈေးပိုချိုတယ် ဆိုရမယ်။ capsuleပုံစံဖြစ်တာကြောင့် လူကြီးတွေနဲ့ ပိုမိုသင့်တော်တယ်။

Bioflor အရည်ဝမ်းတွေ သွားတဲ့အခါ

Bioflorဆိုတာ ပြင်သစ်ဆေးကုမ္ပဏီ biocodexက ထုတ်လုပ်ထားတဲ့ probiotic ဆေးတမျိုးဖြစ်တယ်။မြန်မာနိုင်ငံဈေးကွက်ထဲကို  DKSHက ဖြန့်ချိပေးတယ်။ probiotic ဆေးအမျိုးအစားထဲမှာ အသုံးများတဲ့ဆေးတစ်ခုဖြစ်သလို ဈေးလည်း မသေးလှဘူး။ တစ်ထုပ်ကို ၁၀၀၀ဝန်းကျင်လောက် ပေးရတယ်။ packing ထုပ်လုပ်ပုံလည်း အဆင့်မြင့်တယ်။ bioflorဆိုတဲ့အဓိပ္ပါယ်က bio-သက်ရှိ၊ flor-ဆိုတာ floraကို ဆိုလိုတဲ့သဘောမျိုးဖြစ်တယ်။ flora ဆိုတာ အစာအိမ် ၊အူလမ်းကြောင်း၊မွေးလမ်းကြောင်းမှာ ပုံမှန်ရှိနေတဲ့ သက်ရှိဇီဝပိုးမွှားတွေကို ခေါ်ပါတယ်။ လူ့ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ အဏုဇီဝအကောင်ငယ်လေးတွေဆိုလည်း မမှားပါဘူး။ floraဆိုတဲ့နေရာမှာ bacteria၊ yeastစသည်ဖြင့် အမျိုးမျိုး ဖြစ်နိုင်တယ်။ 

Vaxigrip နှစ်စဉ်ထိုးပေး တုပ်ကွေးရောဂါ ကာကွယ်ဆေး

Vaxigrip ဆိုတာ တစ်နှစ်တစ်ခါ ထိုးပေးရတဲ့ တုပ်ကွေးရောဂါ ကာကွယ်ဆေးတမျိုး ဖြစ်ပါတယ်။ ဒီဆေးကို တုပ်ကွေးမကြာခဏဖြစ်တတ်သူတွေမှာ ကာကွယ်ဖို့ ထုတ်လုပ်ထားတယ်။ Sanofi Pasteurကုမ္ပဏီက ထုတ်လုပ်ထားပြီး မြန်မာနိုင်ငံဈေးကွက်ထဲကို သက်ပိုင်စိုးကုမ္ပဏီက ဖြန့်ချီတယ်။ ကာကွယ်ဆေးကြောင့် အဖြစ်များတဲ့ ဗိုင်းရပ်စ်ပိုး အမျိုးကွဲ ၃မျိုးလောက်ကို ကာကွယ်ပေးနိုင်သလို  ရောဂါပြင်းထန်မှုကို လျှော့ချပေးနိုင်တယ်။ တစ်နှစ်မှာ အနည်းဆုံး ၆ကြိမ်နဲ့အထက် တုပ်ကွေးကူးစက်ခံရသူတွေ၊ကလေးငယ်တွေ ထိုးထားသင့်တယ်။ 
Vaxigrip ထဲမှာ ဘာတွေပါသလဲ။
တုပ်ကွေးကာကွယ်ဆေးတိုင်းမှာ ဗိုင်းရပ်စ်အမျိုးအစား အေ အတွက် နှစ်မျိုး၊ဘီအတွက် တမျိုး ထည့်သွင်းတတ်ကြတယ်။ ၂၀၁၃မှာ ထိုးသင့်တယ်လို့ WHOက သတ်မှတ်ထားတဲ့ influenza A(H1N1),influenza A(H3N2)နဲ့ influenza Bစတဲ့ ဗိုင်းရပ်စ်ပိုး သုံးမျိုး ထည့်သွင်းထားတယ်။ ထည့်သွင်းတဲ့အခါ တုပ်ကွေးပိုးတွေ မကူးစက်နိုင်အောင် inactivated လုပ်ထားတယ်။ inactivatedလုပ်ထားလို့ ခန္ဓာကိုယ်ကို ဒုက္ခမပေးဘဲ ခုခံအားတက်စေရုံလောက်သာ ဖြစ်နေမယ်။ ဗိုင်းရပ်စ်အမျိုးအစား တစ်ခုချင်းစီအတွက် haemagglutinin 15 micrograms စီ ထည့်ထားတယ်။ ဗိုင်းရပ်စ်ပိုး သုံးမျိုးလောက်ကို ထည့်သွင်းထားတာကြောင့် trivalent inactivated influenza vaccine(TIV)လို့ လည်းခေါ်ပါတယ်။
Other Inactive Ingredientsအခြားပါဝင်ပစ္စည်း
-thimerosal(2 μg), 
-formaldehyde(≤30 μg), 
-normal saline(up to 0.5ml),
-Triton® X-100,
-neomycin(0.5mg)  
ကာကွယ်ဆေး တစ်လုံးမှာ ဆေး 0.5mlပါဝင်ပါတယ်။ တခါတည်း ဆေးရည်ထည့်ထားတဲ့ prefilled syringeဖြစ်တယ်။ 25G needle အပ်နဲ့ တခါတည်း တွဲပြီးသား ဖြစ်တယ်။ အပ်က 16mm ရှည်တယ်။ ဆေးမထိုးခင် လှုပ်ဖို့ လေဟာနယ် လုပ်ပေးထားတယ်။ ဆေးမထိုးခင် အရင်လှုပ်ရတယ်။ အရောင်နည်းနည်း နောက်လာနိုင်တယ်။ အရောင်ပြောင်းတာ၊အမှုန်အမွှားတွေ တွေ့နေရင် ဆေးကို မသုံးဘဲ လွင့်ပစ်ရပါတယ်။ 
တုပ်ကွေး ကာကွယ်ဆေးကို အသက် ၆လ အရွယ်က စထိုးပေးနိုင်တယ်။
ဆေးထိုးတဲ့အခါ ကလေးdose နဲ့ လူကြီး doseမတူညီဘူး။ အသက်သုံးနှစ်အောက် ဖြစ်ရင် 0.25ml(ဆေးရဲ့ တဝက်)ကိုသာ ထိုးပေးရမယ်။ အသက်သုံးနှစ် အထက်ကစပြီး  0.5ml  အပြည့် ထိုးပေးနိုင်တယ်။ 
ဆေးထိုးတဲ့အခါ လက်မောင်းအထက်ပိုင်uးpper armရဲ့ deltoid region မှာ အသားဆေးထိုးပေးရတယ်။ အသက် တစ်နှစ်အောက်ဖြစ်ရင် ပေါင်မှာ (vastus lateralis muscle) အသားဆေးထိုးပေးရတယ်။ 
ပုံမှန်အားဖြင့် တစ်နှစ် တစ်ကြိမ်ထိုးရပေမယ့် အသက် ၉နှစ်အောက် ဖြစ်ရင် စထိုးတဲ့နှစ်မှာ တစ်နှစ်အတွင်း နှစ်ကြိမ်ထိထိုးပေးရတယ်။ ပထမအကြိမ်ထိုးပြီးနောက် တစ်လအကြာမှာ ဒုတိယအကြိမ် ထပ်ထိုးပေးရတယ်။ နောက်နှစ်တွေမှာ တစ်ကြိမ်ထိုးရုံနဲ့ လုံလောက်ပါတယ်။ အသက်၉နှစ်နဲ့ အထက်ဆိုရင် ပထမအကြိမ် စထိုးကတည်းက တစ်နှစ် တစ်ကြိမ်ထိုးရုံနဲ့ လုံလောက်တယ်။  ဆေးထိုးပြီး ၂ပတ်ဆိုရင် တုပ်ကွေးကာကွယ်တဲ့  antibodyစတက်လာတယ်။ ဆေးထိုးပြီး ၆-၁၂လ အကြာမှာ တုပ်ကွေးကာကွယ်တဲ့  ခုခံအားပမာဏ ကျဆင်းလာပါတယ်။ ဒါ့ကြောင့် တုပ်ကွေး ကာကွယ်ဆေးကို တစ်နှစ်တစ်ကြိမ် ပုံမှန်ထိုးပေးဖို့ လိုအပ်ပါတယ်။ ပုံမှန်အားဖြင့် အောက်တိုဘာ၊နိုဝင်ဘာ၊ဒီဇင်ဘာလတွေဟာ တုပ်ကွေး အဖြစ်များတဲ့ အရေးကြီးဆုံးလတွေ ဖြစ်တယ်။

ဘေးထွက်ဆိုးကျိုး
-ဆေးမတဲ့တာ ရှိနိုင်တယ်။
-ထိုးတဲ့ နေရာမှာ နာတာ၊ရောင်တာ ဖြစ်တတ်တယ်။
-အဆစ်အမြစ်ကိုက်၊ကြွက်သားရောင်တာ ရှိတတ်တယ်။
-ဖျားချင်သလို၊အားယုတ်သလို ခံစားရတတ်တယ်။
-ခေါင်းကိုက်တာ၊ပျို့ချင်၊အန်ချင် ဖြစ်တတ်တယ်။
-သွေးဥမွှားနည်းတာ ယာယီ ဖြစ်နိုင်တယ်။
-လက္ခဏာ အများစုဟာ ၁-၂ရက်အတွင်း သက်သာတတ်တယ်။

ကိုယ်ဝန်ဆောင်၊နို့တိုက်မိခင်တွေ လိုအပ်ရင် အသုံးပြုနိုင်တယ်။ ဆရာဝန်ခွင့်ပြုချက်နဲ့ အသုံးပြုရမယ်။အသက်အရွယ်မရွေး အသုံးပြုနိုင်တယ်။ သို့သော် အသက် ၆လအောက် ကလေးငယ်တွေ ထိုးမပေးသင့်ဘူး။ 

တုပ်ကွေးကာကွယ်ဆေးတွေရဲ့ သက်တမ်းက တစ်နှစ်သာ ရှိတယ်။ ဥပမာ- ၁၂လပိုင်း ၂၀၁၃ မှာ သက်တမ်းကုန်မယ့် ကာကွယ်ဆေးဟာ ၂၀၁၃ခုနှစ် အတွက် ကာကွယ်ဆေးဖြစ်ပါတယ်။ ၂၀၁၃မှာ အဖြစ်များမယ့် ဗိုင်းရပ်စ်အမျိုးအစားတွေကို ၂၀၁၂ ခြောက်လပိုင်းလောက်ကတည်းက ကြိုတင် တွက်ချက်ထားရတယ်။ ဘယ်နေရာတွေမှာ ဘယ်ပိုးတွေ အဖြစ်များလဲ၊ outbreakဖြစ်လဲဆိုတာ လေ့လာရတယ်။အဖြစ်များဆုံးအမျိုးအစားတခုဖြစ်တဲ့ influenza A(H1N1)ကတော့ နှစ်စဉ် ကာကွယ်ဆေးမှာ ပင်တိုင်ပါလေ့ရှိတယ်။ ထုတ်လုပ်တဲ့အခါ မြောက်ခြမ်းဒေသ၊တောင်ခြမ်းဒေသ အတွက်ဆိုပြီး ခွဲခြား ထုတ်လုပ်တယ်။ မြန်မာနိုင်ငံက တောင်ဘက်ခြမ်းမှာ ရှိလို့ တောင်ဘက်ခြမ်းအတွက်ထုတ်တဲ့ ကာကွယ်ဆေးကို အသုံးပြုရတယ်။
Vaxigrip ကာကွယ်ဆေး ထုတ်လုပ်ပုံ အဆင့်ဆင့်
၁။သန္ဓေသားလောင်း ပေါက်စပြုနေတဲ့ ကြက်ဥထဲမှာ ပိုးထည့် မွေးမြူပြီး ထုတ်လုပ်ထားတယ်။
၂။သန္ဓေသား၁၀ရက်ကျော်ရှိတဲ့ ကြက်ဥထဲက allantoic cavityထဲကို တုပ်ကွေးပိုးအမျိုးအစား တမျိုးချင်းစီ ထည့်ပြီးမွေးမြူရတယ်။
၃။ထည့်တဲ့အခါ neomycin solution အရည် 0.5mgကိုပါ ရောထည့်ရတယ်။
၎။ပိုးမွေးပြီးနောက် allantoic fluidအရည်ကို စုပ်ယူပြီး သန့်စင်အောင် လုပ်ရတယ်။
၅။ဗိုင်းရပ်စ်မျိုးကွဲ antigen ရအောင် အဆင့်ဆင့်သန့်စင်ပြီး လုပ်ယူရတယ်။
၆။ရလာတဲ့ antigenကို formaldehyde အသုံးပြုပြီး မကူးစက်နိုင်အောင် inactivateလုပ်ရတယ်။
၇။နောက်ဆုံးမှာ ရလာတဲ့ ဗိုင်းရပ်စ်မျိုး ခွဲသုံးခုကို normal salineနဲ့ ရောပြီး တခုတည်းဖြစ်အောင် အတူတကွပေါင်းစပ်ရတယ်။
၈။ပေါင်းစပ်တဲ့အခါ အမျိုးအစားကွဲပိုးတွေ ထည့်ထားတာကြောင့် thimerosalဆိုတာကို ထပ်ပေါင်းထည့်ပေးရတယ်။
ကာကွယ်ဆေးတိုင်းဟာ အပူချိန် ၂-၈ဒီဂရီ ဆဲလ်ဆီးယပ်အတွင်း ထိန်းသိမ်းရတယ်။ မအေးခဲစေရဘူး။ အလင်းရောင်နဲ့ တိုက်ရိုက်မထိတွေ့ စေရဘူး။ဆေးကို ဖောက်ပြီးရင် ချက်ခြင်း အသုံးပြုရတယ်။ သတိပြုသင့်တာက ဖျားနေတဲ့လူနာကို တုပ်ကွေးကာကွယ်ဆေး ထိုးမပေးသင့်ဘူး။ အဖျားကျပြီး ရောဂါပျောက်မှ ထိုးပေးသင့်တယ်။
ဒေါက်တာ အေးမင်းထူး
၂၁.၅.၁၃

Alodise(Fish collagen,Aloe Vera gel) အလိုရှိတိုင်း နုပျိုစေရမည်

Alodiseဆိုတာ အသားအရည်ကို လှပချောမွေ့၊တင်းရင်းစေဖို့ ထုတ်လုပ်ထားတဲ့ သဘာဝဖြည့်စွက်ဆေး တမျိုးဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံ suheung Capsule ကုမ္ပဏီက ထုတ်လုပ်ဖြန့်ချီတယ်။ မြန်မာနိုင်ငံဈေးကွက်ထဲကို ဇီဇဝါ ကုမ္ပဏီက ဖြန့်ဖြူးရောင်းချပေးတယ်။ ဆေးတစ်ဗူးမှာ အစိမ်းရောင် capsuleတောင့် အလုံး၆၀ပါဝင်တယ်။ gelatin capsuleဖြစ်တာကြောင့် စုပ်ယူမှု မြန်ဆန်တယ်လို့ ဆိုနိုင်တယ်။ ဆေးတောင့်ထဲမှာ fish collagenငါးအကြေးခွံက ထုတ်ထားတဲ့ ပရိုတင်းဓာတ်တမျိုးနဲ့ Aloe Vera gelရှားစောင်းလက်ပတ် အဆီနှစ်ကို ပေါင်းစပ်ထားတယ်။ 

Mega Teen(dietary supplement) ဆေးသောက်ရင် အရပ်ရှည်မှာလား

ဆေးခန်းလာတဲ့ တချို့ဆယ်ကျော်သက် လူငယ်တွေဟာ အရပ်ရှည်ဖို့၊ အရိုးသန်မာဖို့၊ ကြွက်သားထွက်ချင်လို့ ဆေးနည်းတောင်းတာ၊ အကြံတောင်းတာမျိုးကို ကျွန်တော်တို့ မကြာခဏကြုံတွေ့ရတတ်ပါတယ်။ ဒီနေ့ခေတ်မှာ အင်တာနက်တွေခေတ်စားလာတော့ onlineကနေတဆင့်၊ တချို့ကျ ဘလော့ခ်ဆိုဒ်မှာ ရေးထားတဲ့ လိပ်စာကတဆင့် ဖုန်းနံပါတ်တောင်းပြီး ကိုယ်တိုင် မေးမြန်းလာကြတယ်။ အမေးများတဲ့အထဲမှာ GNCကထုတ်တဲ့ Mega Teen အရပ်ရှည်ဆေးကို တော်တော်အမေးများတာ တွေ့ရပါတယ်။ အဓိကအမေးခံရတာက ဆေးသောက်ရင် တကယ်အရပ်ရှည်မှာလား ဆိုတဲ့ မေးခွန်းမျိုးတွေပဲ။

အစာအိမ်အချဉ်ပေါက်ခြင်းအတွက် ပန်းရောင်Kremil-S

Kremil -Sမှာ ပန်းရောင်နဲ့ အဖြူရောင်ဆိုပြီး နှစ်မျိုးလာတယ်။ ပန်းရောင် ခရီမေးလ် အက်စ်က ပန်းနုရောင်ဆေးပြားမျိုး ဖြစ်တယ်။reformulated Kremil-S လို့လဲ ခေါ်တတယ်။ဆေးသောက်ရင် ညက်အောင်ဝါးစားပြီးမှ မျိုချရတယ်။ကြေငြာမှာတော့ အစာအိမ်အချဉ်ပေါက်ခြင်းကို အမြန်ဆုံးသက်သာပျောက်ကင်းစေမယ်လို့ ဆိုတယ်။  အစာအိမ်ရောဂါသည် အများစုဟာ ပျို့ချင်အန်ချင် ဖြစ်တတ်သလို ပါးစပ်ပျက်တတ်ကြတယ်။ဒီလိုလူနာတွေကို ဆေးပေးတဲ့အခါ အရသာကောင်းဖို့အရေးကြီးတာ တွေ့ရတယ်။ Kremil-Sပန်းရောင်ဟာ သီးစုံအရသာမျိုးဖြစ်တာကြောင့်  အရသာ ကောင်းတယ် ဆိုရမယ်။
မြန်မာနိုင်ငံမှာ လေးလုံး တစ်ကဒ် ပုံစံနဲ့ လာတယ်။ ကဒ်အရောင်က ပန်းရောင်ဖြစ်လို့ ပန်းရောင် ခရီမေးလ်-အက်စ်လို့ ခေါ်ကြတယ်။

Cephalosporin အသုံးများပိုးသတ်ဆေး

1st gen:  cephalosporin 
 Spectrum(staph,strep(not enterococcus),E.coli,proteus,Kleb:)
-Parental route(cefazolin,cephalothin)
-Oral route(cephalaxin,cefadroxil,cephradine)

2nd gen: cephalosporin 
Spectrum(1st gen: spectrum+H.influ(including beta-lactamase)
-Parental route(cefuroxime ,cefamanole)
-Oral route(cefaclor,cefuroxime,cefprozil)