Thursday, May 21, 2015

ဆရာဝန်စာရေးဆရာဖြစ်ချင်လို့

မင်္ဂလာပါ။ညီမက umm မှာ 1st yr တက်နေတာပါ။ဒီနေ့ဆေးလာဝယ်ရင်းနဲ့ဆရာ့
websiteကိုတွေ့ကို ရှာကြည့် လိုက်တာပါ။
ညီမကထူးချွန်တဲ့ဆရာဝန်တစ်ယောက်ဖြစ်ချင်တာပါ။ ဒါကြောင့်မို့ ဆရာ အပန်းမကြီးဘူးဆိုရင် ဘယ်လိုကြိုးစားသင့်လဲဆိုတာ လမ်းညွှန်ပေးပါရှင့်။ဆရာကလည်း ဆရာဝန်စာရေးဆရာပေါ့နော်။ဆရာ့စာတွေကို ခုကစပြီး အမြဲဖတ်တော့မယ်။ဆရာ့ကိုခင်မင်လေးစားမိပါတယ်။
ကောင်းပါတယ်၊ညီမတို့အသက်အရွယ်မှာ ဆေးပညာဆောင်းပါးတွေ ဖတ်ဖို့၊လေ့လာဖို့အသိရှိလာတာ ဝမ်းသာစရာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်ပထမနှစ်ဆေးကျောင်းတက်တုန်းက ဒီလိုဖတ်ရမှတ်ရမယ်မှန်း နားမလည်ခဲ့ပါဘူး။ ပထမနှစ်ကတည်းက ဆေးပညာဗဟုသုတတွေ သိလာရင် နောက်ပိုင်းမှာ ကုသရလွယ်ကူလာပါလိမ့်မယ်။ ဆေးပညာမှာ စာဖတ်ရုံနဲ့မလုံလောက်သေးပါဘူး။ ပိုအရေးကြီးတာက အတွေးအခေါ်ပါ။လွတ်လပ်တဲ့အတွေးအခေါ်ရှိရပါမယ်။ နောက်အကြံပေးချင်တာက စာကြမ်းပိုးမလုပ်ချင်ပါနဲ့။ကျွန်တော့်အတွေးအခေါ်အရ အားလုံးကို သိတတ်နေတာက တနေရာတည်းထူးချွန်တာထက် ပိုခက်ပါတယ်။ ဆရာဝန်လုပ်ချင်ရင် တခြားအရာတွေပါ တတ်နေရင်ပိုကောင်းတယ်။ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာပါ။ ကျွန်တော်တို့အတန်းမှာ စာမှစာဆိုတာမျိုး၊စာသိပ်တော်တဲ့လူမျိုးတွေ ရှိပါတယ်။စာမေးပွဲဖြေရင် အမှတ်တွေသိပ်ကောင်းပေမယ့် လူနာကုတဲ့အခါ အတွေးအခေါ်နည်းတတ်တယ်။ သူများနိုင်ငံတွေမှာ စာမေးပွဲသွားဖြေရင် အဆင်မပြေတာများတာ ဒီအချက်က အဓိကပါ။
အမှန်ဝန်ခံရရင် ကျွန်တော်ကိုယ်တိုင်လည်း သိနေတတ်နေတာမဟုတ်ပါဘူး။အမြဲလေ့လာနေတာပဲ ရှိပါတယ်။ဆေးပညာမှာ ဘယ်သူမှအကုန်နားလည်နေတာမျိုး မရှိဘူး။လေ့လာအားကောင်းကောင်းနဲ့ အတွေ့အကြုံများလေ ကုသဖို့လွယ်ကူလေ ဖြစ်မှာပါပဲ။ 

ဘယ်လိုကြိုးစားမလဲ
-စာချည်းထိုင်ဖတ်၊ဆရာသင်သမျှခေါင်းညိတ်တာမျိုးတော့ အားမပေးပါ။
-ကိုယ်ပိုင်အတွေးအခေါ်ရှိရပါမယ်။
-အရာရာကို အလယ်အလတ်လမ်းစဉ် ကျင့်ကြံနေထိုင်သင့်တယ်။
-ငယ်စဉ်ကတည်း ဆေးပညာစာတွေ၊အမေးအဖြေတွေ ဖတ်တာ အားပေးတယ်။
-ထူးချွန်တဲ့ဆရာဝန်ဖြစ်ရမယ်ဆိုတဲ့စိတ်ကို ဘောင်ခတ်ထားတာထက် အကောင်းဆုံးဖြစ်အောင် လုပ်မယ်ဆိုတဲ့ အတွေးလေးပဲထားပေးပါ။
-ကိုယ့်လမ်းကိုယ်လျှောက်နေရင် သူများထက်အမြင့်ကို ရောက်မှန်းမသိ သူ့ဘာသာရောက်သွားပါလိမ့်မယ်။
-ပထမနှစ်ကတည်းက ရည်ရွယ်ချက်ရှိတာ ကောင်းတဲ့အချက်ပါ။ရည်ရွယ်ချက်မပျောက်ပါစေနဲ့။
-အချိန်တန်ရင် ကိုယ်ပေးဆပ်သမျှကိုယ့်ဆီရောက်လာပါလိမ့်မယ်။
-ထူးချွန်တဲ့ဆရာဝန်တယောက်ဖြစ်ပါစေ ဆုတောင်းပေးပါတယ်။

ဒေါက်တာအေးမင်းထူး
၂၈.၇.၁၃

No comments:

Post a Comment