Thursday, May 21, 2015

အိမ်ထောင်သည်မေးခွန်း


ဆရာ ဆေးခန်းလိပ်စာလေး သိချင်လို့ပါခင်ဗျာ

Clinic 64ဆေးခန်း၊ ၆၄လမ်း၊၃၇-၃၈ကြား၊မဟာမြိုင်(၁)၊မန္တလေးမြို့။

 ဆ၇ာလိပ် ​စာ​လေးပို့​ပေးတာ​ကျေးဇူးအမျယးကြီးတင်​ပါတယ်​ဆ၇ာ။ကျွန်​​တော်​​နောက်​တစ်​ ခုသိချင်​တာ​လေး​​ဖြေ​ပေးပါအုန်းဆ၇ာ။ကျွန်​​တော်​အိမ်​​ထောင်​၇ှိပါတယ်​ ဆ၇ာ။ကျွန်​​တော်​အမျိုးသမီးနဲ့အတူ​နေတိုင်​မြန်​မြန်ပီးပီးသွားလို့ပါဆ၇ာ အဲ့ဒါဆ၇ာဆီလာကုလို့၇ပါသလားဆ၇ာ။

လူအမျိုးမျိုးစိတ်အထွေထွေ၊ပြဿနာအမျိုးမျိုး ရှိသူတွေကို ကုသရတာဆရာဝန်တွေပါ။ တချို့onlineတင်မက ဆေးခန်းထိလာပြီး ကုကြသူတွေ ရှိပါတယ်။ သိစေချင်တာက ကျွန်တော်က အဲဒီကိစ္စအထူးကုတော့ မဟုတ်ပါဘူး။ ဒီကိစ္စဟာ အရွယ်ရောက်ပြီး အမျိုးသားတွေရဲ့ ၅၀ရာနှုန်းလောက် ခံစားနေရတာ ဖြစ်လို့ပုံမှန်ပါ။ ရောဂါ ဆိုတာထက် ပြဿနာလို့ပြောရင် ပိုမှန်ပါတယ်။ ပြဿနာတိုင်းမှာ အဖြေကိုယ်စီရှိကြတယ်။ တခါတရံ ဆရာဝန်တွေဟာ ရောဂါတင်မက ပြဿနာတွေကိုပါ ဖြေရှင်းပေးရတယ်မလား။ စိတ်မပျက်ပါနဲ့။ပြဿနာရပ်တိုင်းအတွက် အဖြေရှိပါတယ်။ သောက်ဆေးတွေလည်း ရှိတယ်။ ရောဂါရှိ၊မရှိတော့ အရင်စစ်ရလိမ့်မယ်။


ဒေါက်တာအေးမင်းထူး
၂၆.၉.၁၃

No comments:

Post a Comment