အရပ်အမောင်းကို တိုင်းတာပြီး ရှိသင့်တဲ့အလေးချိန်ကို အရင်ခန့်မှန်းကြည့်ရအောင်။ အလွယ်ဆုံးနည်းကို ဖော်ပြပေးပါမယ်။
အရပ်အမြင့်ကြည့်ပြီး အလေးချိန်တွက်ခြင်း
၁။ဒီနည်းနဲ့ တွက်မယ်ဆိုရင် အရပ်အမြင့် ၅ပေကို စံယူသတ်မှတ်ရပါတယ်။
၂။အရပ်၅ပေမြင့်တဲ့ အမျိုးသမီးဟာ သတ်မှတ်ချက်အရ ပေါင် ၁၀၀ရှိသင့်ပါတယ်။
၃။အမျိုးသမီးတွေမှာ ၅ပေထက် ၁လက်မစီ ပိုတိုင်း ၅ပေါင် ထည့်ပေါင်းပေးရတယ်။
ဥပမာ- ၅ပေ = ၁၀၀ပေါင် (၁လက်မ မြင့်တိုင်း ၅ပေါင် ထပ်ပေါင်းထည့်ပါ။)
၅ပေ ၁လက်မ= ၁၀၀+(၅*၁) = ၁၀၅ပေါင်
၅ပေ ၃လက်မ= ၁၀၀+(၅*၃) = ၁၁၅ပေါင်
၎။အမျိုးသားတွေမှာ တွက်ချက်တဲ့အခါ အရပ် ၅ပေမြင့်တဲ့သူဟာ ၁၀၆ပေါင် ရှိတယ်ဆိုတာ အရင်မှတ်ထားသင့်တယ်။
၅။အမျိုးသားတွေမှာ ၅ပေထက် ၁လက်မမြင့်တိုင်း ၆ပေါင် ထည့်ပေါင်း ပေးရတယ်။
ဥပမာ-၅ပေ = ၁၀၆ပေါင်(၁လက်မ မြင့်တိုင်း ၆ပေါင် ထပ်ပေါင်းထည့်ပါ။)
၅ပေ ၁လက်မ = ၁၀၆+(၆*၁) = ၁၁၂ပေါင်
၅ပေ ၃လက်မ = ၁၀၆+(၆*၃) = ၁၂၄ပေါင်
(မှတ်ချက်- ပေါင် အလေးချိန်ကို ကီလိုဂရမ်နဲ့ တွက်ချင်ရင် ၂.၂နဲ့ စားပါ။)
ဒီနည်းက အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးတွက်တဲ့ နည်းတခုပါ။ ဒီနည်းလေး
အသုံးချပြီး မိမိတို့မှာ ရှိသင့်တဲ့အလေးချိန်ကို တွက်ချက်နိုင်ကြပါစေ။
ဒေါက်တာ အေးမင်းထူး
၁၆.၅.၁၃
No comments:
Post a Comment