Thursday, May 21, 2015

ဝက်ခြံလို အနီစက်တွေ ပေါက်နေလို့


မဂ်လာပါ ဆရာ 
                     ကျွန်တော်ဆရာ့ဆောင်းပါးတွေ ဖတ်နေကြပါဆရာ ...အရေပြားရောဂါ အကြောင်းမေးချင်လို့ ...ကျွန်တော့ ခြေထောက်မှာ အနီစက်လေးတွေ ပေါ်နေလို့ဗျ တခါတလေ ယားပါတယ်... ၀က်ခြံသေးသေးလေးတွေ နဲ့ တူတယ် ညှစ်လိုက်ရင် အဆံလေးတွေ ထွက်ပါတယ် ဘယ်လို ပျောက်ကင်းအောင်လုပ်ရမလဲ သိချင်ပါတယ် ဆရာ ..... 
                       လေးစားစွာ ဖြင့်   
                                                                            ကို_
ဟုတ်ကဲ့ ကို_၊ကျွန်တော်တို့အရေပြားအကြောင်း ပြောကြတဲ့အခါ ပြဿနာက မမြင်ရ၊မစမ်းရတာပါ။ အရေပြားရောဂါတွေဟာ ဆင်တူရိုးမားတွေဖြစ်ပြီး ပြင်ပကကြည့်ရင် တူသယောင်ရှိတယ်။ ဒါပေမယ့် စမ်းသပ်၊လေ့လာကြည့်တဲ့အခါ တကယ်ဖြစ်စေတဲ့အကြောင်းရင်းက လုံးဝကွဲပြားသွားတယ်။ ဘက်တီးရီးယား၊ဗိုင်းရပ်၊မှိုပိုး အကုန်ဖြစ်နိုင်တယ်။ အလားတူကုသရတဲ့အပိုင်းမှာလည်း လုံးဝမတူအောင် ကွဲပြားပါတယ်။ ဒီနေ့ခေတ်ရဲ့ကောင်းတဲ့အချက်က ဖုန်းတွေပေါများလာသလို ဓာတ်ပုံဖိုတိုတွေ အလွယ်ရိုက်လို့ရလာတဲ့အချက်ပါ။ အကောင်းဆုံးက အရေပြားဖြစ်တဲ့နေရာကို ဓာတ်ပုံရိုက်ပြီး ပို့ပေးပါ။ သေချာမြင်ရတဲ့ ၄-၅ပုံလောက်ပေါ့။ ပြီးတော့ ဖြစ်တဲ့နေရာကို ပွားလာပါသလား။ ရောဂါဖြစ်တာ ဘယ်လောက်ကြာလဲ၊ဘာဆေးတွေ သုံးထား၊ကုထားသေးလဲ တခါတည်း သိချင်ပါသေးတယ်။ မေးတာကိုပဲ ကောက်ချက်ချရရင် ဝက်ခြံနဲ့တူတယ်ဆိုတော့ folliculitis လားစဉ်းစားမိတယ်။ တခြားပိုးတွေ၊ဓာတ်မတဲ့တာတွေလည်း ဖြစ်နိုင်သေးတယ်။ ကုသမှုမှားယွင်းရင် ရောဂါသက်သာမှာ မဟုတ်လို့ ပုံလေးတွေရိုက်ပြီး ပို့ပေးပါလို့ ပြောချင်ပါတယ်။
လေးစားစွာဖြင့်
ဒေါက်တာ အေးမင်းထူး
၂၅.၁.၁၄
ဟုတ်ကဲ့ ဆရာ အရင်ကတော့ ဟိုနား တခု ဒီနားတခုပဲ အခု ခြေကျင်းဝတ် နားမှာ နည်းနည်းများလာတယ် ဆရာ ဆေးကတော့ မလိမ်းဘူးဗျ ဘာမှန်းမသိလို့လေ 
ဖြစ်တာကတော့ ၁လ လောက်ရှိပီဆရာ ကျွန်တော်လဲ သိပ်သတိမထားမိလို့ ခြေကျင်းဝတ် မှာ များလာလို့ သတိထားမိတာ ကျွန်တော် ဓာတ်ပုံ ၂ပုံ ပို့ပေးထားတယ်ဆရာ 


ဆေးညွှန်း 
၁။betacloge(သို့)silkron တနေ့သုံးကြိမ် ၂ပတ်လိမ်းပါ
၂။itraconazole 100mg တနေ့ ၂ကြိမ် ၁ပတ်သောက်ပါ
၃။mega 3 တနေ့၃ကြိမ် ၂ပတ်သောက်ပါ
၎။zegase တနေ့ ၁ကြိမ် ၅ရက်သောက်ပါ
၅။အရေးကြီးတာပြောရရင် မကုတ်မိဖို့ အထူးသတိထားပါ
၆။ယားတာပိုဆိုးရင် ရေအေးဝတ်တင်ပေးနိုင်တယ်
၇။မသက်သာရင် ပြန်ပြောပါ။

ဒေါက်တာ အေးမင်းထူး
၂၅.၁.၁၄


ကျေးဇူးတင်ပါတယ်ဆရာ ..... ပြန်ပြောမယ်နော် ဆရာ ... ဒီထက်ပိုပီး အောင်မြင်ပါစေဆရာ စာတွေလဲ ဒီထက်မကရေးနိုင်ပါစေ .... ကျေးဇူးတင်ပါတယ် ဆရာ

လေးစားစွာဖြင့် 
ကို_                                                                         

No comments:

Post a Comment