Wednesday, May 20, 2015

ဝက်ခြံအမာရွတ်ပျောက်အောင်


မင်္ဂလာပါ ဆရာ ဆရာ့ကို ရိုသေစွာဖြင့် ဂါရဝပြုပါတယ်နော်
                                      ညီမမျက်နှာမှာ အရင်ကဝက်ခြံတွေအရမ်းထွက်ပါတယ်
်အခု သူငယ်ချင်းတစ်ယောက်ညွှန်လို့ tetracyclin ဆွဲသောက်တာတော်တော် ပျောက်သွားပါတယ် ဒါပေမဲ့ အမည်းစက်တွေကျန်ခဲ့ပါတယ် မျက်နှာကကြည့်ရဆိုးနေပြီး အလုပ်သွားရင်လဲ အမြဲတမ်းသနပ်ခါးနဲ့ဖုံးနေရတယ် အပြင်တွေသွားရင်တောင် ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိသလို ခံစားရပါတယ် အဲဒီအမည်းစက်တွေပျောက်သွားအောင် ဘယ်လိုဆေးတွေလိမ်းသင့်လဲဆိုတာ ပြောပြပေးပါနော် ညီမဆေးတွေ cosmetic တွေလိမ်းတာလဲ တော်တော်စုံနေပြီ မပျောက်လို့ အခုတော်တော်လေးကိုစိတ်ညစ်နေပါတယ် ညီမလဲ သူများတွေလို မျက်နှာဖြူဖြူစင်စင်လေးဖြစ်ချင်ပါတယ်
ဒါကြောင့်ဆရာကိုအားကိုးတကြီးနဲ့စာရေးပို့လိုက်တာပါ ညီမကို စာပြန်ပို့ပါနော်
ဆရာကိုလဲအရမ်းလေးစားမိပါတယ် ကျေးဇူးလဲအများကြီးတင်ပါတယ် ဆရာတင်တဲ့ post တွေကြောင့်ဆေးအကြောင်းတွေအများကြီးကိုသိရှိခဲ့ပါတယ် ဆရာအသက်ရာကျော်ရှည်ပါစေ အများအကျိုးကိုလဲ ဒီထက်မကသယ်ပိုးနိုင်ပါစေလို့ဆုတောင်းပေးပါတယ်လိုက်ပါတယ်နော်
စာပြန်တာ နောက်ကျရင် ခွင့်လွှတ်ပါ။ အလုပ်နဲနဲရှုပ်နေတာကြောင့် မေးထားတာတွေကို ချက်ချင်းမဖြေနိုင်တာပါ။ အရင်ဆုံး ဝက်ခြံဘာလို့ပေါက်လဲရှင်းရရင် အဆီအိတ်တွေက အဆိပ်အတောက်တွေကိုရှင်းလင်းပေးတဲ့ ချွေးထွက်ပေါက်တွေကို သွားပိတ်လို့ဖြစ်ရတယ်။ အမာရွတ်ဆိုတာ အရေပြားအောက်ကခံပေးထားတဲ့ ကိုလာဂျင်တွေ ပျက်ဆီးတာကြောင့် ဖြစ်ရတယ်။ ဝက်ခြံဆိုတာမျိုးက ပေါက်လာရင် ကုရခက်သလို ပျောက်သွားပြန်ရင်လည်း ကျန်ရစ်တဲ့အမာရွတ်တွေက ပျောက်ကင်းဖို့ အချိန်ပေးရပါတယ်။ ဈေးကွက်ထဲမှာ အမာရွတ်ပျောက်ဆေးဆိုတာတွေ အများအပြားရှိပေမယ့် တကယ်အသုံးဝင်ရဲ့လားဆိုတာ မေးခွန်းထုတ်စရာပါ။ မျက်နှာလိမ်းခရမ်တွေ အမျိုးမျိုးအသုံးပြုဖူးသူတွေဆို ပိုသိကြတယ်။ ကြေငြာသလောက်သာကောင်းရင် ဝက်ခြံအမာရွတ်ပေါက်တဲ့သူတောင် ရှိမယ်မထင်ဘူး။ ဘယ်brandတွေက ကွာလတီဘယ်လောက်ရှိလဲ အတိအကျပြောဖို့ခက်ပါတယ်။ လက်တွေ့သုံးစွဲချင်ရင် သဘာဝနည်းသာ အကောင်းဆုံးပါ။ လုပ်ဆောင်သင့်တာတွေကို အောက်မှာ ဖော်ပြပေးပါမယ်။
-နေ့စဉ်ရေများများသောက်ပါ(အနည်းဆုံး ၂-၃ဗူး)
-အဆီအဆိမ့်ရှောင်ပါ။
-ဝက်ခြံထပ်ပေါက်မလာအောင် မျက်နှာကို အမြဲသန့်စင်ပေးပါ(၂-၃ကြိမ်)
-collagenပြန်ဖြည့်ဖို့ လိုတာဖြစ်တဲ့အတွက် ဖြည့်စွက်ဆေး သောက်ပါ။ ဥပမာ aloeva tab(သို့)beucogen(သို့)alodise လို အသားအရေဖြည့်တင်းဆေး တမျိုးမျိုးသောက်ပေးပါ။alova tab တနေ့သုံးကြိမ်(သို့)beucogen တနေ့တထုပ်(သို့)alodise cap ညစဉ် တစ်လုံး သောက်ပါ။ တမျိုးပဲရွေးသောက်ပါ။
-Antoxyl forteလို အက်တီအောက်ဆီးဒင့်အားဆေး တနေ့ တကြိမ် သောက်ပါ။
-အိမ်သုံးနည်းပေးရရင် ရှာစောင်းလပတ် ထက်ပိုင်းခြမ်းပြီး အနှစ်ကို မနက်တကြိမ်၊ညမအိပ်ခင် တကြိမ် စုစုပေါင်း ၂ကြိမ် လိမ်းပေးပါ။သိသိသာသာ ထူးခြားလာပါလိမ့်မယ်။
-ထပ်လုပ်သင့်တာက ကြက်ဥအကာ တလုံး၊ဆိုဒါမှုန့် တဇွန်း၊သံပုရာသီးတလုံးကို ညှစ်ပြီး ပန်ကန်တလုံးထဲထဲ့ပြီး သမအောင်မွှေပါ။ပြီးရင် မျက်နှာကို လိမ်းပေးပါ။ ၁၅မိနစ်နေရင် ရေခပ်နွေးနွေးနဲ့ မျက်နှာသစ်ပါ။ တစ်ရက်ခြား နေ့စဉ်လုပ်ပါ။မကြာခင် အမာရွတ်တွေ လျှော့ပါးလာပါလိမ့်မယ်။
-အမာရွတ်မြန်မြန်ပျောက်ချင်ရင် တပတ် တကြိမ်၊၃လလောက်ထိ မျက်နှာပေါင်းတင်ပေးသင့်တယ်။ အများစုဟာ ၁-၂လအတွင်း ထူးခြားကြတယ်။
-နောက်ဆုံးမရရင် လုပ်နိုင်တာက အမာရွတ်ကို လေဆာနဲ့ကုသနိုင်ပါတယ်။ non-ablative laser therapyခေါ်ပါတယ်။ အရေပြားအထူးကုတော့ လိုလာလိမ့်မယ်။ ဘေးထွက်ဆိုးကျိုးလည်း ရှိနိုင်တယ်။
-အမာရွတ်ပျောက်ဖို့ အရေးကြီးဆုံးက စိတ်ရှည်သီးခံဖို့ပါ။ ပျက်ဆီးတဲ့ဆဲလ်ဆိုတာ တပတ်၊နှစ်ပတ်အတွင်း ပြန်လည်ဖြည့်တင်းဖို့ မဖြစ်နိုင်ဘူး။ ပျက်ဆီးမှုမရှိရင် ပြုပြင်ပြောင်းလဲမှုအားကောင်းပါတယ်။ ဒါ့ကြောင့် ဝက်ခြံထပ်မပေါက်အောင်သာ ကြိုးစားပါ။မကြာခင် အမာရွတ်တွေ တဖြည်းဖြည်း လျှော့ပါးပြီး အိုကေလာပါလိမ့်မယ်။ 
ဒေါက်တာ အေးမင်းထူး
၁.၁၀.၁၃

No comments:

Post a Comment