အများစုက ဘာမှမဖြစ်ကြဘူး။ ဘီပီအိုင်ဗူး တဗူးလုံး(အလုံး၁၀၀)ကုန်အောင်
သောက်ဖူးသူတွေ လည်း တွေ့ဖူးပါတယ်။ suicide ဖြစ်လို့
ဆေးရုံတက်ရပါတယ်။သောက်စဖြစ်လို့ gastric lavage လုပ်ရပါတယ်။
ဒီလိုလုပ်လိုက်တဲ့ အတွက် နောင်ကျဉ်သွားတယ်။ အစာအိမ်ကို ဆေးကြောလိုက်တော့
ကောင်းသွားတယ်။ ဆေးရုံမှာ တရက်၊နှစ်ရက်တော့ နေရတာပေါ့။ ဒရစ်လိုင်းချိတ်မယ်။နောက်ဆက်တွဲဆက်ဖြစ်တာတွေတော့
ရှိတယ်။ တယောက်နဲ့တယောက် တူမှာတော့ မဟုတ်ဘူး။ ဥပမာ-toxic dose
ဖြစ်သွားလို့ အာရုံကြောကို ထိခိုက်သွားတာမျိုးလည်း
တွေ့ရတယ်။ လူနာတယောက်ကတော့ ခြေလက်တွေ မကြာခဏ ထုံကျဉ်တတ်တယ်။ အဲဒါကြီးက
မပျောက်တော့ဘူး။ တချို့က အနီစက်တွေ ပေါက်လာတယ်။ ခေါင်းလည်း
မကြာခဏမူးတတ်တယ်။ တချို့က ပါဝါတိုးလာတယ်။ ခန္ဓာကိုယ် ဓာတ်သဘာဝတွေ
ပြောင်းလဲသွားတတ်တယ်။ ဇာတ်လမ်းတွေထဲက ဘာမီတွန်သောက်ပြီး suicide လုပ်တဲ့
အိုင်ဒီယာတွေက လူတွေကို အထင်အမြင်မှားစေတယ်။ဒီနေ့ခေတ်မှာ ဘာမီတွန်သောက်ပြီး
အသက်ဆုံးရှုံးသူတွေ အလွန်ရှားပါတယ်။ အသက်မသေပေမယ့် နောက်ဆက်တွဲဆိုးကျိုး
တွေကတော့ ဘဝတလျှောက်လုံးခံစားရနိုင်တယ်။ တယောက်နဲ့တယောက် ခံနိုင်ရည်အားတွေ
မတူကြတာ သတိပြုပါ။
ဒေါက်တာ အေးမင်းထူး
၁၈.၁၁.၁၄
No comments:
Post a Comment