သွေးနီဥ ဖြစ်ပေါ်ခြင်းကို အားပေးတဲ့ erythropoietin stimulating agents (ESAs)လေးမျိုး ရှိမယ်။
-epoetin alfa (Eprex®, Johnson & Johnson),
-epoetin beta (Recormon®, Roche),
-darbepoetin (Aranesp®, Kyowa Hakko Kirin)
-methoxy polyethylene glycol-epoetin beta (Mircera®, Roche)
ဒီဆေးတွေထဲမှာ အပေါ်ဆေးသုံးမျိုးက ကျောက်ကပ်အလုပ်မလုပ်တဲ့(renal
failure)အခါဖြစ်တဲ့ သွေးအားနည်းရောဂါနဲ့ ကင်ဆာဆေးကြောင့် ဖြစ်တဲ့
သွေးအားနည်းရောဂါကို ကုသဖို့ သုံးတယ်။ Mirceraကို ကျတော့
နာတာရှည်ကျောက်ကပ်ရောဂါကြောင့် ဖြစ်တဲ့သွေးအားနည်းရောဂါကို ကုသဖို့
အသုံးပြုတယ်။
ဆေးသုံးတဲ့အခါ Hb levelကို 11mg/dl ထိရောက်ရုံသာ targetထားပေးတယ်။
12mg/dlထက် ပိုအောင် မပေးသင့်ဘူး။ အကယ်၍ ဒီlevelထက် များရင်
နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်တယ်။ ဥပမာ-DVT,CHFစတာမျိုး
ဖြစ်လာနိုင်တယ်။ ခွဲစိတ်ပြီးနောက်
သွေးကြောပိတ်တာဖြစ်နိုင်လို့ prophylactic anticoagulationပါ
ထည့်ပေးသင့်တယ်။ အထူးသဖြင့် epoetin alfa တွေ သုံးစွဲတဲ့အခါ
ပိုသတိထားသင့်တယ်။
ဒေါက်တာ အေးမင်းထူး
၂၆.၃.၁၅
No comments:
Post a Comment