Thursday, May 21, 2015

အစာအိမ်ဆေး မသက်သာသေး

ဆရာရေ ကျွန်တော့အစာအိမ်ရောဂါကမကြာခဏနာတတ်တယ်။ ပီးရင်ပြန်ပေါ်ပေါ်လာတာ ဘာဖြစ်လို့လဲမသိဘူး။ဆေးတွေသောက်တာ လဲစုံနေပြီ။အခုဖြစ်နေတာ ၂ပတ်လောက်ရိပြီး၊ဆရာဝန်ကြီးတယေးက်က ပန်တိုးဆစ်သောက်ခိုင်းလို့သောက်တာမသက်သာသေးဘူး။ အစာမကြေသလိုဗိုက်နာသလိုခံစားရတယ် ။ဖြစ်နိုင်ရင် သောက်ရမယ့်ဆေးလေးမစပါခင်ဗျာ

ကျွန်တော် ဆေးလည်း ကုပါတယ်။စာလည်း ရေးပါတယ်။ သောက်ရမယ့်ဆေးကိုလည်း ညွှန်ပြလို့ရပါတယ်။ ဒါပေမယ့် အခုမေးထားသလို မစလို့တော့ မရပါဘူးဗျ။ ဘာ့ကြောင့်လည်းဆိုတော့ ဆေးတွေက ကိုယ့ဘာသာဝယ်သောက်ရမှာမိုးလို့ပါ။ ဆောရီး၊နောက်တာပါ။ 
မြန်မာလူမျိုးအများစုက ဗိုက်နာ၊ဗိုက်အောင့်ရင် အစာအိမ်ရောဂါလို့ပဲ လုပ်ကြတယ်။ တကယိတော့ ဗိုက်ဆိုတဲ့ ဧရိယာက အကျယိကြီး၊ဆေးပညာမှာ (၉)နေရာရှိတယိ။ 9 regionလို့လည်း ခေါ်ပါတယ်။ ဗိုကိနာတဲ့တညိနေရာပေါ်မူတညိပြီး ရောဂါတွေကွဲသွားတယိ။ ပိုဆိုးတာက ဒီနေရာက နာပေမယိ့ တခြားနေရာက ပြဿနာပေးလို့လည်း ဖြစ်နိုင်တယ်။ ဗိုက်စမ်းတဲ့အခါ မနာတဲ့နေရာကစစမ်းဖို့ ဆရာအဆကိဆက်က သင်ပေးခဲ့တယ်။ မသိရင်တော့ မရောင်ရာဆီလူးထင်ကြမယ်။ မဟုတ်ပါ။ ကောင်းတာကိုသိမှ မကောင်းတာကို မြင်နိုင်မယ်။ မကောင်းတာတွေကြုံပါများလာတော့ နည်းနည်းကောင်းရင်တောင် အဟုတ်ထင်လာကြတယ်။ လူ့သဘောပါ။ 
တခါတရံ မေးခွန်းတွေမေးကြ၊ဖြေတဲ့သူကလည်း ဖြေနဲ့ တလွဲရောဂါတွေကုနေသလိုဖြစ်နေလေမလား တခါတရံစိုးရိမ်မိတယ်။ ထားပါတော့ ။ ရောဂါအမည်တပ်တာထက် ဖြစ်နိုင်ချေကို ခန့်မှန်းပြီးဆေးသောက်တာ ပိုကောင်းမယ်ထင်ပါတယ်။ နာတာရှည်အစာအိမ်ရောင်ရမ်းသူတွေ အတွက် trimebutine ဆိုတဲ့ဆေးတမျိုးရှိတယ်။ cerekinon 100mg နာမည်နဲ့လာတယ်။ ဒီဆေးရဲ့အာနိသင်က နာတာရှည် အစာအိမ်ရောင်ရမ်းခြင်းကို သက်သာကောင်းမွန်စေတယ်။ တနေ့သုံးကြိမ် သောက်ပါ။အစာမကြေရင် enzym fortကိုအစား စားပြီးတိုငိး သောက်ပါ။လေထရငိ air X သို့ Airrox တမျိုးမျိုးသောက်ပါ။ တနေ့ သုံးကြိမ်။ အက်ဆစ်အထွက်များ ရင်ပူရင် Rabeprazole 30mg တနေ့တကြိမ်သောက်ပါ။ နေ့ရော ညပါပူရငိ ranitidine 150mg မနက်တကြိမ် အိပ်ရာမဝင်ခင်တကြိမ်သောက်ပါ။ ရင်ပူပျောက်ဆေးတမျိုးဖြစ်တဲ့ siloxogen (သို့)Kremil S ပန်းရောင်ဆောင်ထားပါ။ မြန်မြန်သက်သာဖို့ antacid gel အရညိသောကိနိုင်တယ်။ ဆေးကို အနည်းဆုံး ၂-၄ပတ်သောက်ရမယ်။ တကယ်ဆိုးသူတွေမှာ ထိုးဆေး ၅-၇ရက် ထိုးဖို့လိုအပ်ပါတယ်။ အစားအသောက်တွေထဲမှာတော့ မာတာ၊ဂတ်စ်ပါတာ၊အပူအစပ်၊ချဉ်တာ၊အဆီအဆိမ့် တတိနိုင်သမျှ ရှောင်စေချင်တယ်။အစားရှောင်ပြီး ဆေးသောက်ရင် သက်သာကြပါတယ်။ မြန်မာနိုင်ငံသား အားလုံးကျန်းမာကြပါစေ ဆုတောင်းပေးပါတယ်။
ဒေါက်တာ အေးမင်းထူး
၂.၁.၁၅

No comments:

Post a Comment