Drysol ဗူးရည် 35mlလောက်ပါတဲ့ roll onလိုအပိတ်နဲ့ဟာ ဝယ်ပါ။ ဆေးကို ညစဉ်လိမ်းပေးရတယ်။ မလိမ်းခင် ရေနဲ့လက်ကို သန့်အောင်ဆေးပြီး ခြောက်သွေ့အောင်ထားပါ၊ခြောကိသွေ့ ပြီဆိုတာနဲ့ ခြေဖဝါး၊လက်ဖဝါးကို ထိပ်မှာပိတ်ထားတဲ့ roll on လိုဟာနဲ့ ဖိပြီး လိမ်းရုံပဲ။ လိမ်းပြီး (၅)မိနစ်ခြောက်အောင်ထားဦး၊ပြီး ရင်
ပလတ်စတစ်လက်အိတ်ကို တညလုံးစွပ်ထားပါ။ ဒါမှ ဆေးက ကြာရှည်ခံမှာ။
မနက်ရောက်ရင် လက်အိတ်ချွတ်ပြီး ရေနဲ့လက်ကို စင်အောင်ဆေး သန့်တဲ့အဝတ်နဲ့
သုတ်ပါ။ ဒီတိုင်း ချွေးထွက်သက်သာသည်ထိ လုပ်ပေးရမယ်။
ကျောက်ချဉ်ကို Alumလို့ ခေါ်ပြီး အလူမီနီယမ် ဆာလဖိတ်၊ ပိုတက်ဆီယမ်
ဆာလဖိတ်တို့ ပါဝင်ပါတယ်။တိုင်းရင်းဆေးအယူအရ ကျောက်ချဉ်မှာ
ကျုံ့တဲ့အာနိသင်ရှိတယ်။ချွေး ဂလင်ာကို ကျုံ့စေတယ်။ ချွေးထွက်တဲ့နေရာကို ကြိတိပြီး သိပ်ရတယ်။ ကျောက်ချဉ်ရေထဲလက်စိမ်လို့လည်း ရတယ်။တနေ့တကြိမ်မှ (၂)ကြိမ်သုံးပါ။
ဒေါက်တာ အေးမင်းထူး
၂၇.၃.၁၅
No comments:
Post a Comment