ကျွန်တော်က
ဆရာ့စာတွေကို အမြဲဖတ်နေတဲ့စာဖတ်ပရိသတ်တဦးပါ။ ဆရာ့စာတွေက
ကျန်းမာရေးပညာပေးသလိုဗဟုသုတတွေလညိး ရရှိစေပါတယ်။ ဆရာ့ကို
တခုလောက်မေးချငိတာက ဒီလိုစာတွေရေးဖို့ဘယ်လိုကြိုးစားသင့်လဲဆိုတာ
အကြံပြုပေးစေချင်ပါတယ်။ တချို့က အချစ်ဝတ္တုတွေ ဖတ်တာအကြံပြုသလို တချို့က
စာအကုန်ဖတ်ဖို့လိုတယ်လို့ပြောပါတာကြားဖူးပါတယ်။ ကျွန်တော်ကတော့
ဆရာကြီးမင်းသိင်္ခနဲ့ဆရာမဂျူးရဲ့ဝတ္တုတွေကို ဖတ်ပါတယ်။ ဆရာ့အနေနဲ့
ဘယ်လိုစာတွေကို အရေးပေးဖတ်ခဲ့သလဲဆိုတာ သိချင်ပါတယ်။ ဆရာ့အကြံပြုချက်ကို
သိချင်ပါတယ်ခင်ဗျား။
အချစ်ဝတ္တုရေးတဲ့စာရေးဆရာတွေက ရသရဲ့ခွန်အားကို အလေးပေးပြောကြတယ်။
ဆရာတွေကတော့ သုတရဲ့အရာရောက်ပုံ၊အသုံးဝင်ပုံကို တခုတ်တရပြောကြတယ်။
အထူးသဖြင့် အသက်ကြီးရငိ့တဲ့ စာရေးဆရာတွေ၊သတင်းစာဆရာတွေပေါ့။ အမှန်တော့
စာပေဆိုတာ ဘယ်အမျိုးအစားက ပိုကောင်းလဲ
ခွဲခြားလို့မရစကောင်းတဲ့အရာမျိုးလို့ ယူဆပါတယ်။ ကျွန်တော့အမြင်တော့
အားလုံးက သူ့ဟာသူကောင်းနေကြတာပဲ။ စာကောင်းတပုဒ်ဖြစ်ဖို့ ရသလိုသလို သုတလညိး
ပေးနိုင်ရင် ပိုကောင်းတယ်။ အများစုက အချစ်ဝတ္တုဆိုတာနဲ့ ရသစာပေလို့
ထင်ကြတယ်။ တခါတရံ ရသစာပေထဲမှာ သုတလေးတွေ ထည့်ရေးကြတာ သတိမထားမိကြဘူး။
ကျွန်တော်ငယ်ငယ်က စာဖတ်နာသလားတော့ မမေးနဲ့။ ဒါပေမယ့် ဖတ်တဲ့စာပေကို
ပြောရင်လူရယ်မလားပဲ။ ကျွန်တော်ငယ်ငယ်က သိုင်းဝတ္တုကို
ခရေဇီဖြစ်တယ်။သိုင်းဝတ္တုဖတ်တဲ့အခါ ထမင်းမေ့ဟင်းမေ့ကို ဖတ်တာ။ ကျောင်းစာတော့
အဲလောက်ကြီးမဖတ်ဖြစ်ပါ။ သိုငိးဝတ္တုဆိုရင် အတွဲလိုက်ဖြစ်မှ သဘောကျတာ။
မီးပျက်ရင် ဖယောင်းတိုင်မီးနဲ့ ထွန်းပြီး ဖတ်တယ်။ အဲဒီအမျိုးအစားကို
ဘယ်ထဲထည့်မလဲ။ အခုနာမည်ကြီးနေတဲ့ စာရေးဆရာကြီးတွေရဲ့ ဝတ္တုဆိုတာ
၁၀အုပ်ပြည့်အောင် မဖတ်ဘူးပါဘူး။ ငယ်ငယ်က ကာတွန်းတွေတော့ ဖတ်ပါတယ်။ ဒါပါပဲ။
သတိထားမိတာက ဖတ်တဲ့စာပေမဟုတိပဲ စာဖတ်အားကပဲ အဓိကကျတယိ၊အရေးကြီးတယ်လို့
ထင်ပါတယ်။ ဒါ့ကြောငိ့ ဘယ်စာပေဖတိမှ၊ညာစာပေဖတ်မှ တွေ လုပ်မနေပါနဲ့။ လိုရင်းက
စာဖတ်ဖို့ပဲ။ ကျောင်းစာဖတ်လဲရတာပဲ။ ဒါ့ကြောင့် စာရေးဆရာကြီးတယောက်
ပြောတာကိုပဲ ပြန်ဖောက်သည်ချပြီး နိဂုံးချုပ်ပါရစေ။
"ဆရာ ကျွန်တော် စာရေးဆရာဖြစ်ချင်လို့ ဘာလုပ်ရမလဲ"
"ဟေ့ကောင် မင်းဒီမှာ ဘာလုပ်နေတာလဲ၊တကယ်ဆို အခုအချိန်မှာ ထိုင်ပြီး
စာရေးနေရမှာမဟုတ်လား။မေးနေတာတွေလျှော့ပြီး ကုလားထိုင်နဲ့ဖင် မြဲတဲ့တနေ့မင်း
စာရေးဆရာဖြစ်ပြီတဲ့"
ဒေါက်တာ အေးမင်းထူး
၂၉.၁.၁၅
No comments:
Post a Comment