တခြားအဆီကျဆေးကောင်းတာရှိရင်ညွှန်ပေးပါဆရာ။ green teaဆေးတောင့်နဲ့တွဲသောက်နိုင်လားဆရာ။ကျေးဇူးတင်ပါတယ်။
Zytrimဆေးကို
အစာစားပြီးတိုင်း သောက်ပေးရပါတယ်။ ဆေးဝါးကမ္ဘာဘလော့ခ်မှာ ရေးထားပြီး
ဖြစ်ပါတယ်။ အဆီကျကော်ဖီနဲ့ တွဲသောက်နိုင်လားဆိုရင် တွဲသောက်နိုင်ပါတယ်။
ဒါပေမယ့် အာနိသင်ကျတာမျိုးဖြစ်နိုင်လို့ အနည်းဆုံး နာရီဝက်၊တနာရီ
ခြားသောက်ပေးသင့်တယ်။ ကျွန်တော်အမြဲပြောသလို ပိန်ဆေးတိုင်းဟာ
ဘေးထွက်ဆိုးကျိုးကိုယ်စီ ရှိကြတယ်။ ကောင်းတယ်ဆိုတာမျိုးကလည်း
ကုမ္ပဏီကပြောတဲ့ စကားတွေသာဖြစ်ကြတယ်။ တကယ်ပိန်ချင်ရင်
လေ့ကျင့်ခန်းမလုပ်ဘဲနဲ့ မဖြစ်ဘူး။ ဒီသဘောတရားကို
လေးလေးနက်နက်သဘောပေါက်သင့်တယ်။ ခန္ဓာကိုယ်မှာရှိတဲ့အဆီပိုတွေ ဖယ်ရှားဖို့က
လေ့ကျင့်ခန်းမလုပ်ဘဲ၊ဆေးသောက်နေရုံနဲ့ဘယ်လိုမှ မဖြစ်နိုင်ဘူး။
လေ့ကျင့်ခန်းဆိုတာလည်း တကယ်ပြင်းပြင်းထန်ထန်လုပ်မှ ဖြစ်ပါမယ်။ green teaလို
တခြားဆေးနဲ့တွဲသောက်ချင်ရင် အချိန်နည်းနည်းခြားသောက်မှ
အဆင်ပြေပါလိမ့်မယ်။အရမ်းပိန်ချင်စိတ်များပြီး ဆေးတွေမျိုးစုံသောက်မျိုးကို
သိပ်အားမပေးချင်ပါဘူး။ အကောင်းဆုံးအဆီကျဆေးဆိုတာ လေ့ကျင့်ခန်းလုပ်ခြင်းသာ
ဖြစ်ပါတယ်။
ဒေါက်တာ အေးမင်းထူး
၆.၁၀.၁၃
No comments:
Post a Comment