ခြေဖဝါးကွဲခြင်းအသားမာတက်ခြင်းအတွက် လိမ်းဆေးအမျိုးမျိုး ရှိကြတယ်။
အစိုဓာတ်ထိန်းရတာဖြစ်လို့ အများစုမှာ ureaပါတဲ့ ဆေးတွေလိမ်းကြရတယ်။
ရှားစောင်းလက်ပတ်၊သံလွင်ဆီ၊အလှဆီပါဝင်ကြတယ်။ အရေပြားကောင်းဖို့
ဗီတာမင်အီးကို ထည့်သွင်းတတ်ကြတယ်။တခြားherbalဆေးတွေလည်း
အများအပြားရှိသေးတယ်။ ခြေဖဝါးကွဲအက်သူတွေအတွက် အသုံးပြုနိုင်တဲ့ဆေးတမျိုးက
foothy creamလိမ်းဆေး ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုငိငံ OTTO ဆေးကုမ္ပဏီက
ထုတ်လုပ်တယ်။ 20gပါဝင်တဲ့ လိမ်းဆေးဖြစ်ပြီး တချောင်းကို
၂၀၀၀ပတ်ဝန်းကျင်ရှိတယ်။
ပါဝင်ပစ္စည်းများ
-Urea
-Glycerine
-Glyceryl caprate
-Vitamin E
-Cetyl alcohol
-Ceteareth 20
-Fructan
-Vaselin album
-Geranium oil
-Portulaca extract
-Methyl paraben
-Propyl paraben
-Aqua
ဘာတွေကောင်းလဲ
ယူရီးယား(urea)က အစိုဓာတ်ကို ထိန်းပေးတယ်။ အလှဆီက
ခြောက်သွေ့ကြမ်းတမ်းခြင်းကို ကာကွယ်တယ်။ ဗီတာမင်အီးရဲ့ အင်တီအောက်ဆီးဒင့်က
ဆဲလ်တွေကို ပြုပြင်ပေးတယ်။ အသားလှစေတယ်။ဖရူတန်(fructan)ဆိုတာ အပင်ကရတဲ့
polysaccharide ဓာတ်တမျိုးပါ။ အရေပြားအပြင်လွှာကို
ထိန်းသိမ်းပေးနိုင်တယ်။ Portulacaက အရေပြားပျက်ဆီးခြင်းကို ကာကွယ်ပေးတယ်။
ကွဲနေတဲ့အရေပြားကို ပြန်စေ့ပေးတယ်။ အနာကျက်သက်သာစေတယ်။ foothy လိမ်းဆေးဟာ
ကွဲအက်တဲ့ခြေဖဝါးအတွက် သင့်တော်တဲ့ဆေးတွေကို ပေါင်းစပ်ထားတယ်။
အသုံးဝင်ပုံ
-ခြေဖဝါး ကွဲအက်ခြင်း
-အသားမာတက်ခြင်း
-အဖတ်လိုက်ကွာကျခြင်း
-အရေပြား ခြောက်သွေ့ယားယံခြင်း
-အရေပြားအစိုဓာတ်ထိန်းခြင်း
(မျက်နှာ၊လည်ပင်း၊အင်္ဂါစပ်တွေမှာ မသုံးစွဲပါနဲ့)
ဆေးညွှန်း
ဖြစ်တဲ့နေရာကို ခြောက်သွေ့သန့်ရှင်းအောင် အရင်လုပ်ပါ။ ဆေးပမာဏ
အနည်းငယ်ယူပြီး တနေ့ ၂-၃ကြိမ်ထိ လိမ်းပေးပါ။ အနည်းဆုံး ၁ပတ်မှ ၁လထိ
သုံးစွဲသင့်တယ်။ ခြောက်သွေ့ကွဲအက်လွယ်တဲ့အရေပြားအတွက် တနေ့၎-၅ကြိမ်
လိမ်းပေးနိုင်တယ်။ မကြာခဏဖနောင့်ကွဲတတ်သူတွေ တနေ့တကြိမ် နေ့စဉ်ပုံမှန်
လိမ်းပေးသင့်တယ်။ ဆေးလိမ်းစဉ် ရေနဲ့ထိတွေ့တာ တတ်နိုင်သမျှရှောင်ပေးပါ။
ဘေးထွက်ဆိုးကျိုး
-အရေပြားယားယံခြင်း
-ဓာတ်မတဲ့ခြင်း
-ရောင်ရမ်းခြင်း
ကြေငြာအရ ဆေးသုံးပြီး တပတ်အတွင်းသိသာလာမယ် ဆိုထားတယ်။ တလအတွင်း
အရေပြားချောမွေ့လာစေတယ်။ ၂-၃လဆိုရင် ပုံမှန်အတိုင်း ပြန်ဖြစ်နိုင်တယ်။
တခါတရံမထူးခြားတာလည်း ဖြစ်နိုင်တယ်။ ဆေးကြောင့်လား၊အနေအထိုင်လားဆိုတာ
သုံးစွဲသူသာ သိမယ်။ သေချာတာတော့ ဆေးဘယ်လိုပဲသုံးသုံး အနေအထိုင်မဆင်ခြင်ရင်
ပျောက်ကင်းမှာ မဟုတ်ဘူး။ ဆေးသုံးမလား၊ဆင်ခြင်မလား။ တခုခုတော့
ရွေးချယ်သင့်ပြီ။
ဒေါက်တာ အေးမင်းထူး
၂၉.၁၂.၁၃
No comments:
Post a Comment