Friday, May 22, 2015

Eve 500 အမျိုးသမီးများအတွက် ဆည်းဆာခင်းနှင်းဆီ

Eve 500ကတင်းတိပ်​မဖြစ်​​အောင်​ကာကွယ်​​ပေးပါသလား။ဆိုးကျိုး​ရော ရှိပါသလား။ ​ကောင်းကျိုး​တွေကိုလည်း ​ပြောပြ​ပေးပါ။e net  တို့oramin-f တို့နဲ့​ရော ဘယ်လိုကွာခြားပါသလဲ။

Eve 500မှာ evening primrose oil(ဆည်းဆာခင်းနှင်းဆီ)ဆိုတာ ပါတယ်။ EPOလို့အတိုကောက် ခေါ်တယ်။ အမျိုးသမီးရာသီသွေးနဲ့ ပတ်သက်တဲ့ရောဂါတွေမှာ အဓိကသုံးတယ်။ ရာသီမပေါ်ခင်ဖြစ်တဲ့ လက္ခဏာ(ရင်သားတင်း၊ဗိုက်အောင့်)စတာတွေကို ကြိုတင်ကာကွယ်ပေးတယ်။ EPOမှာ gamma linolenic acidက
အရေပြားရောဂါတွေအတွက် အကျိုးရှိတယ်။ ဝက်ခြံ၊တင်းတိပ်စတာတွေမှာ supportive အနေနဲ့ ပေးတတ်ကြတယ်။ ဒါပေမယ့် တင်းတိပ်မဖြစ်အောင် ကာကွယ်နိုင်တယ်လို့တော့ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ တင်းတိပ်ဖြစ်စေတဲ့ အကြောင်းရင်းတွေက တခုမကရှိနိုင်လို့ပါ။ ဒါ့ကြောင့် မေးတာကို တိုက်ရိုက်ဖြေရရင် တင်းတိပ်ဖြစ်တာကို ဆေးက မကာကွယ်နိုင်ပါဘူး။ 
Enat ထဲမှာ ပါတာက ဗီတာမင်အီးဖြစ်ပါတယ်။ ဆည်းဆာခင်း နှင်းဆီဆိုတာ မပါဝင်ပါ။ အသားအရေအတွက် အဓိကဖြစ်ပါတယ်။ oramin-Fကတော့ ကိုရီးယားဂျင်ဆင်း၊ရွိုင်ရယ်ဂျယ်လီ၊ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်တယ်။ လွယ်လွယ် အားဆေးပဲ ခေါ်ပါတော့။ ဆေးတခုနဲ့ တခုအာနိသင်မတူပါ။ Eve 500နဲ့ E Nat ကို အရွယ်မရွေး သောက်နိုင်ပေမယ့် oramin-F ကိုတော့ အသက် ၄၀ကျော် အမျိုးသမီးတွေသာ သောက်သင့်တယ်။

ဒေါက်တာ အေးမင်းထူး
၁၆.၁၀.၁၄

No comments:

Post a Comment