ဖြစ်စေတယ်လို့ယူဆရတာတွေက-
-မျိုးရိုးလိုက်လို့
-အဆီများလို့
-နေလောင်လို့
-ချွေးပေါက်ပိတ်စေတဲ့ skin careတွေကြောင့် ဖြစ်စေနိုင်တယ်။
miliaဆိုတာ စိတ်ဒုက္ခလည်း ပေး၊ကုသရလည်း ခက်တဲ့ အရေပြားရောဂါ
မျိုးပါ။ကုသနိုင်မယ် ယူဆရတဲ့ နည်းလမ်းအသွယ်သွယ် ရှိပါတယ်။
ဘေးထွက်ဆိုးကျိုးကို ပြန်ချိန်ရပါတယ်။ သေချာပေါက်ပျောက်စေဆိုတာမျိုး
မဟုတ်လို့ စိတ်ဒုက္ခပိုရောက်ရတယ်။
ခွဲစိတ်ခြင်း၊ပြုပြင်ခြင်း၊အပေါ်ယံအရေပြားကွာစေခြင်း၊သောက်ဆေး၊လိမ်းဆေး
အမျိုးမျိုး ပေးနိုင်တယ်။ အမည်းစက်ထင်ကျန်နိုင်တယ်။ဘယ်နည်းနဲ့ သင့်တော်မလဲ
ဆရာဝန်က ဆုံးဖြတ်ပါတယ်။
ကုသနည်းတွေ
-scrub(Clinique 7 Day Scrub and Avon Anew)သုံးပြီး အပေါ်ယံအရေပြားကို ကွာစေတယ်။
-လိမ်းဆေး AHA (သို့)glycolic acid သုံးခိုင်းတယ်။ တိုးတက်မှု၊ထူးခြားမှု မရှိတာများတယ်။
-တချို့က L'Oreal Dermo-Expertise ReNoviste Glycolic Peel Kit သုံးခိုင်းတယ်။
-အစိုဓာတ်လိမ်းဆေး အလုပ်မဖြစ်တတ်ဘူး။ တချို့ကလည်း ရှောင်ခိုင်းတယ်။
အကြံပြုချက်
-ရေမကြာခဏချိုးပါ။
-လေ့ကျင့်ခန်း အနည်းဆုံး နာရီဝက် လုပ်ပါ။
-နေလောင်ကာ၊မျက်နှာလိမ်းခရင်ကြောင့်ဖြစ်ရင် ရှောင်ပါ။
-အစိုဓာတ်ထိန်းဆေး အလွန်အကျွံမသုံးစွဲပါနဲ့။
-အဆီအဆိမ့်များတာ လျှော့စားပါ။
-biotinသောက်ဆေး သောက်ပေးနိုင်တယ်။(5-10mg/day)
-vitamin D လိုတာထက် ပိုမသောက်ပါနဲ့။
-CoQ10ပါတဲ့ဆေးမျိုးသောက်သုံးနိုင်တယ်။
-အထူးသဖြင့် မိမိဘာသာ အပ်နဲ့ဖောက်တာ၊တို့ထိကိုင်တွယ်တာမျိုး လုံးဝရှောင်ကြဉ်သင့်တယ်။
ဒေါက်တာ အေးမင်းထူး
၃၁.၃.၁၄
No comments:
Post a Comment