တစ်ကဒ် မှာ capsule ၁၀တောင့် ပါဝင်ပါတယ်။ တစ်ဗူး တစ်ကဒ် ပုံစံနဲ့လာတယ်။ medi myanmar ဆေးကုမ္ပဏီက တင်သွင်းတယ်။ တခြားbrand( Zytrim,Xenical)စတဲ့ ဆေးတွေထက် ဈေးအများကြီး ပိုချိုတယ်။ အဆီချပိန်ဆေးထဲမှာ ဆရာဝန်လက်မှတ်မလိုပဲ ရရှိနိုင်တာ ဒီဆေးတမျိုးသာရှိတယ်။ဆရာဝန်လက်မှတ် လို၊မလိုဆိုတာ ပါတဲ့ mg ပေါ်လဲ မူတည်သေးတယ်။ Orlistat 60 mg ဆိုရင် လက်မှတ်မလိုအပ်ပေမယ့် orlistat 120mg က ဆရာဝန်လက်မှတ်ပါမှ ရောင်းချရတယ်။
Wednesday, June 10, 2015
Thursday, May 28, 2015
Baschi slimming pill အွန်လိုင်းပိန်ဆေး
Q.ဆရာ baschi slimming ရဲ့အကြောင်း စာတပုဒ်လောက်ဖော်ပြပေးပါလား၊ ဆရာအားရင်ပြောတာပါ။ကျေးဇူးတင်ပါတယ်။ ဆရာ့ကို အမြဲအားပေးနေပါတယ်
Q.baschi ပိန်းဆေးနဲ့ပတ်သက်ပြီး ဆရာ့အမြင်ကိုသိချင်ပါတယ်ခင်ဗျာ။ ကျွန်တော့်ကောင်မလေးက ဝယ်သောက်ချင်တယ်ပူဆာနေလို့ပါ။
Tuesday, May 26, 2015
ဆီးဖြူသီး
ခုတလော ဇီးဖြူသီး အရမ်းစားနေပါတယ်.. ဇီးဖြူသီး အများကြီးစားရင်
ဘာတွေဖြစ်တတ်ပါသလဲဆရာ ဇီးဖြူသီးအကြောင်းမျှဝေပေးစေလိုပါတယ်ရှင့်
လေးစားစွာဖြင့်
:)
Liv 52(Liver detox supplement) အာယုဗေဒ အသည်းအားဆေး
အသည်းအားဆေးအကြောင်းမပြောခင် အသည်းအင်ထရို အရင်ဝင်ပါရစေ။ အသည်းဆိုတာ
ခန္ဓာကိုယ်မှာ အကြီးဆုံးအစိတ်အပိုင်းဖြစ်ပြီး ဝမ်းဗိုက်ရဲ့ ညာဖက်မှာ
နေရာယူထားတယ်။ hepatocyte အသည်းဆဲလ်ဆိုတာ ပြန်လည်ပွားများနိုင်တယ်။
အသည်းအစားထိုးသူတွေမှာ အသည်းတခြမ်းပေးရုံနဲ့ အသက်ရှင်နိုင်တယ်။ အသည်းသဘောက ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ ဓာတုပစ္စည်း၊အဆိပ်အတောက်တွေကို ရှင်းလင်းပေးရတယ်။ ဒါတင်မက
Sunlife ရေဆူဆေးပြား
Sunlife Multivitamin(အစိမ်းရောင်)
ဗီတာမင် (၁၀)မျိုးပါတယ်။ကိုယ်၊စိတ်ဖိစီးမှုအတွက် ဖြစ်တယ်။
ဆီးချိုသမား၊သွေးတိုးသမား တွေနဲ့ သင့်တော်တယ်။ စိတ်ကို
ကြည်လင်လန်းဆန်းစေတယ်။
Enervon-C ရေရှည်စွဲမသောက်သင့်တဲ့ အားဆေး
ဆေးသောက်ပြီးရင် လူကိုကြည်လင်လန်းဆန်းစေတယ်။
အားအင်ပြည့်ဖြိုးစေတယ်။ အလုပ်ပိုလုပ်နိုင်တယ်။စွဲသောက်သူတချို့က ဒီဆေးသောက်မှလန်းတယ်ထင်ကြတယ်။ တချို့က ဆေးမသောက်ရင် နေလို့မကောင်းတာမျိုးထိရှိတယ်။
ဒါ့ကြောင့် တခါဆေးပြတ်သွားတုန်းက တစ်လုံးကို ၂၀၀၊၂၅၀ထိ ပေးသောက်ကြတာပဲ။
Glotamin-C အင်နာဗွန်-စီလို အားဆေး တစ်မျိုး
Regro 5% spray(minoxidil 5%) ဆံပင်ပေါက်ဆေး
Xenical(orlistat 120mg) original အဆီချ ပိန်ဆေး
တစ်ကဒ်မှာ အပြာရောင်capsule ၂၁ လုံးပါဝင်ပါတယ်။
ဆေးတစ်ဗူးမှာ လေးကဒ် ပါတယ်။original brand ဖြစ်လို့ ဈေးပိုကြီးတယ်။
တခြား Zytrim,Obelitဆိုတဲ့ နာမည်နဲ့လည်း မြန်မာနိုင်ငံမှာ ရရှိနိုင်တယ်။
အဆီချပိန်ဆေးထဲမှာ ဆရာဝန်လက်မှတ်မလိုပဲ ရရှိနိုင်တာ ဒီဆေးတမျိုးသာရှိတယ်။
ဆရာဝန်လက်မှတ် လို၊မလိုဆိုတာ ပါတဲ့ mg ပေါ်လဲ မူတည်သေးတယ်။
Orlistat 60 mg ဆိုရင် လက်မှတ်မလိုအပ်ပေမယ့် orlistat 120mg က ဆရာဝန်လက်မှတ်ပါမှ ရောင်းချရတယ်။
Obestat(orlistat 120mg) အဆီချပိန်ဆေး တစ်မျိုး
Orlifit (orlistat 120) အဆီချပိန်ဆေး နောက်တစ်မျိုး
တစ်ကဒ်မှာ capsule ၁၀တောင့် ပါဝင်ပါတယ်။ တစ်ဗူး
တစ်ကဒ် ပုံစံနဲ့လာတယ်။ Getz pharma ဆေးကုမ္ပဏီက ထုတ်လုပ်ထားတယ်။ တခြားbrand
တွေထက် ဈေးပိုသက်သာတယ်။ obelit ထက် ဈေးနည်းနည်းပိုမယ်။ Zytrim,Xenical
စတဲ့ ဆေးတွေထက် ဈေးအများကြီး ပိုချိုတယ်။
အဆီချပိန်ဆေးထဲမှာ ဆရာဝန်လက်မှတ်မလိုပဲ ရရှိနိုင်တာ ဒီဆေးတမျိုးသာရှိတယ်။
Zytrim(orlistat 120) အဆီချပိန်ဆေး
ဆရာဝန်လက်မှတ် လို၊မလိုဆိုတာ ပါတဲ့ mg ပေါ်လဲ မူတည်သေးတယ်။
Orlistat 60 mg ဆိုရင် လက်မှတ်မလိုအပ်ပေမယ့် orlistat 120mg က ဆရာဝန်လက်မှတ်ပါမှ ရောင်းချရတယ်။
Orlistat
ဆိုတာ အဆီ၊အဆိမ့် အစားများသူတွေအတွက်
အသုံးကျတယ်။ဥပမာ-ဘဲသား၊အမဲသား၊ဝက်သားစတဲ့ အဆီတွေ အစားများသူ၊ ဝတဲ့သူတွေ
ပိန်ချင်တဲ့အခါ အသုံးပြုတယ်။
Avamigran ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ အမြန်ဆုံးသက်သာစေဖို့
Duovir အိပ်ခ်ျအိုင်ဗွီပိုးကူးစက်ခံရရင် ဘယ်လိုကာကွယ်မလဲ
Duovir ဆိုတာ lamivudin 150mgနဲ့ zidovudine 300mg ကို ပေါင်းစပ်ထားတဲ့ ဆေးတမျိုးဖြစ်ပါတယ်။ အိပ်ခ်ျအိုင်ဗွီရောဂါမှာ ပေးတဲ့ ဆေးနှစ်မျိုးကို အချိုးကျပေါင်းစပ်ထားတယ်။ ရောဂါကုသဖို့သာမက ကာကွယ်ဖို့အတွက်ပါ ပေးနိုင်တယ်။ ကာကွယ်တယ်ဆိုတာ HIVပိုးနဲ့ မတော်တဆ ထိခိုက်မိတဲ့အခါမှာ အရေးပေါ်ကာကွယ်ဖို့ကို ဆိုလိုတာပါ။ဆေးကြောင့် ကူးစက်နိုင်ခြေကို ၈၀ရာခိုင်နှုန်းလောက် လျှော့ချပေးနိုင်တယ်။ သတိပြုသင့်တာက morning after pillsခေါ်တဲ့ အရေးပေါ်တားဆေးတွေနဲ့ သဘောတရားချင်း တူမှာမဟုတ်ဘူး။ ကာကွယ်တယ်ဆိုပေမယ့် တားဆေးလို ကာကွယ်ဖို့သီးသန့်ထုတ်ထားတဲ့ဆေး မဟုတ်ဘူး။ ဝင်လာမယ့်ရောဂါကို
Pentaxim ရောဂါငါးမျိုးအတွက် ကာကွယ်ဆေး
ရောဂါ၅မျိုးဆိုတာ ဆုံဆို့၊ကြက်ညှာ၊မေးခိုင်၊ပိုလီယိုနဲ့ H.influenzae type b ဦးနှောက်အမြှေးရောင်ရောဂါ စတာတွေကို ကာကွယ်ပေးတယ်။ဒီကာကွယ်ဆေးကို Sanofi Pasteur ကုမ္ပဏီက ထုတ်လုပ်ဖြန့်ချီပါတယ်။မြန်မာနိုင်ငံဈေးကွက်ထဲကို သက်ပိုင်စိုးကုမ္ပဏီက ဖြန့်ဖြူးရောင်းချပေးတယ်။
Sanofi Pasteur ဆိုတာ
-Sanofi-Aventis ကုမ္ပဏီရဲ့ vaccine ကာကွယ်ဆေးချည်း သီးသန့်ထုတ်တဲ့ ဌာနခွဲတခုဖြစ်ပါတယ်။
ဆေးဝါးကမ္ဘာနှင့် ခဏတာ
ဖြေ-Medicine
Worldဆေးဆိုင်ကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကျော်လောက်က
စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အတိအကျပြောရရင်တော့ ၂၀၁၁ခုနှစ် ဒီဇင်ဘာလ ၂၃
ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ၂၃ရက်မှာ ဖွင့်ဖြစ်သွားတာကလည်း
ကျွန်တော့်မွေးရက် ဖြစ်တဲ့၂၃နဲ့တူလို့ မှတ်ရလွယ်အောင် အဲဒီရက်မှာ
ဖွင့်လှစ်ခဲ့တာပါ။
Riconia tab မိုက်ခရိုနျူးထရိယန့်ပါ ထပ်ပေါင်း အားဖြည့်ပေးမယ့် အားဆေးမျိုး
Beucogen နတ်သမီးလေးလို လှစေချင်
၁။အသားအရေကို ကြည်လင်ဝင်းပစေခြင်း၊
Protectone ပရိုတင်းအပြင် အင်နာဂျီ ပြည့်ဝစေမည်
လေထခြင်းအတွက်ဆေး
အစာအိမ်နာ
လေထခြင်းအတွက် ဘယ်ဆေးကောင်းပါသလဲ။ အလုပ်က
အလှပြင်ဆိုင်ဖွင့်ထားတာဆိုတော့ ထမင်းစားချိန်
ပုံမှန်ထားလို့မရပါဘူး၊ အဆာလွန်ပီး လေထတာမျိုး မကြာခဏဖြစ်တက်တာ
ဆောင်ထားလို့ရတဲ့ ဆေးမျိုးရှိရင် လမ်းညွန်ပေးပါရှင်
ကျေးဇူးတင်ပါတယ်
အစာအိမ်နာဖြစ်ခြင်းအတွက်
V-melatonin အိပ်ဆေးမှ အိပ်ဆေး တမေးထဲမေးနေသူတွေအတွက်
G Trim လက်ဖက်စိမ်းပါဝင်တဲ့ သံပုရာရနံ့ဖျော်ရည်နဲ့ အဆီချမယ်
Dextrosin ချောင်းဆိုးကင်းစင် ဒက်စ်ထရိုစင်
Rotaforte(spiramycin+metronidazole) သွားနဲ့သွားဖုံးရောဂါအတွက် ရိုတာ-ဖို့
Omez insta ရင်ပူတာတွေ ချက်ချင်းသက်သာ အိုမက်ဇ်-အင်စတာ
Nosic(doxylamine,pyridoxine) ကိုယ်ဝန်ဆောင်စဉ် အန်ရင်
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ကိုယ်ဝန်ရှိစပထမသုံးလမှာ ပျို့ချင်အန်ချင် ဖြစ်တတ်ကြတယ်။ ဒီလိုဖြစ်တာ ထုံးစံလို့ဆိုနိုင်ပေမယ့် တချို့လူတွေမှာ ထင်ထားတာထက် ပိုပြီးခံစားရတတ်တယ်။ အထူးသဖြင့် အဆက်မပြတ်အန်တဲ့သူတွေမှာ ဆေးအကူအညီယူဖို့ လိုလာကြတယ်။ ပုံမှန်အားဖြင့် ကိုယ်ဝန်ပထမသုံးလဟာ အရေးကြီးဆုံးဖြစ်လို့ ဆေးပေးတဲ့အခါ ပိုပြီးသတိထားရတယ်။ အကယ်၍ မိခင်လောင်းတွေ မူးမော၊ပျို့အန်ဖြစ်ရင် ဘာဆေးပေးမလဲ။ လွယ်လွယ်ကူကူသောက်နိုင်တဲ့ဆေးတခုက Nosic ဆိုတဲ့ ဆေးပါ။Nosic ဆိုတာ ကိုယ်ဝန်ဆောင်တွေ ပျို့ချင်၊အန်ချင်ဖြစ်တဲ့အခါ ပေးဖို့အတွက်
Usana အော်ဂင်းနစ်ဆေးတမျိုး
Livolin ဖေ့စ်ဘွတ်ကမေး အသည်းအားဆေး
Kinohimitsu collagen men drinkအမျိုးသားများအတွက် ကိုလာဂျင်သောက်ဆေးရည်
Coversyl plus နှင့် FENO-TG ဆေးနှစ်မျိုး
Coversyl
plusဆိုတာ သွေးကျဆေးဖြစ်ပါတယ်။ peridoprilနဲ့ indapamide
သွေးကျဆေးနှစ်မျိုးကို အတူတကွပေါင်းစပ်ထားတယ်။ သွေးတိုးရှိတဲ့ သူတွေ
ဆေးတမျိုးထဲနဲ့ မရတဲ့အခါ နှစ်မျိုးတွဲဆေးမျိုး ပေးရတတ် တယ်။ နေ့စဉ် ပုံမှန်သောက်ပေးဖို့လိုပါတယ်။
Kinohimitsu detox juice အဆိပ်အတောက် ကင်းစင်၊ အသားအလှပိုင်ရှင်
Oramin G ကိုရီးယားဂျင်ဆင်းအားဆေး
Penicillin ပင်နယ်စလင် ပိုးသတ်ဆေး
၂။ဒီguideline ဟာ ဆေးကုသတဲ့အခါ အရမ်းအသုံးဝင်သလို ဆရာဝန်တွေအတွက်တော့ မရှိမဖြစ်ပါ။
၃။ဆေးကုတဲ့ဆရာဝန်တွေအဖို့ ပိုးသတ်ဆေးတွေရွေးချယ်တဲ့အခါ အင်မတန်လွယ်ကူစေပါတယ်။
၎။တချို့အတွက် လိုအပ်ကောင်းလိုအပ်မယ်ထင်လို့ ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါတယ်။
၅။ဖယောင်းတိုင်မီးကို လက်ဆင့်ကမ်းထွန်းညှိပေးခြင်းသာ
Bowel-Safe capsule ပရိုဘိုင်အောတစ် ဆေးတောင့်
Bioflor အရည်ဝမ်းတွေ သွားတဲ့အခါ
Vaxigrip နှစ်စဉ်ထိုးပေး တုပ်ကွေးရောဂါ ကာကွယ်ဆေး
Vaxigrip ထဲမှာ ဘာတွေပါသလဲ။
တုပ်ကွေးကာကွယ်ဆေးတိုင်းမှာ ဗိုင်းရပ်စ်အမျိုးအစား အေ အတွက်
နှစ်မျိုး၊ဘီအတွက် တမျိုး ထည့်သွင်းတတ်ကြတယ်။ ၂၀၁၃မှာ ထိုးသင့်တယ်လို့ WHOက
သတ်မှတ်ထားတဲ့ influenza A(H1N1),influenza A(H3N2)နဲ့ influenza Bစတဲ့
ဗိုင်းရပ်စ်ပိုး သုံးမျိုး ထည့်သွင်းထားတယ်။ ထည့်သွင်းတဲ့အခါ
တုပ်ကွေးပိုးတွေ မကူးစက်နိုင်အောင် inactivated လုပ်ထားတယ်။
inactivatedလုပ်ထားလို့ ခန္ဓာကိုယ်ကို ဒုက္ခမပေးဘဲ ခုခံအားတက်စေရုံလောက်သာ
ဖြစ်နေမယ်။ ဗိုင်းရပ်စ်အမျိုးအစား တစ်ခုချင်းစီအတွက် haemagglutinin 15
micrograms စီ ထည့်ထားတယ်။ ဗိုင်းရပ်စ်ပိုး သုံးမျိုးလောက်ကို
ထည့်သွင်းထားတာကြောင့် trivalent inactivated influenza vaccine(TIV)လို့
လည်းခေါ်ပါတယ်။
Other Inactive Ingredientsအခြားပါဝင်ပစ္စည်း
-thimerosal(2 μg),
-formaldehyde(≤30 μg),
-normal saline(up to 0.5ml),
-Triton® X-100,
-neomycin(0.5mg)
တုပ်ကွေးကာကွယ်ဆေးတွေရဲ့
သက်တမ်းက တစ်နှစ်သာ ရှိတယ်။ ဥပမာ- ၁၂လပိုင်း ၂၀၁၃ မှာ သက်တမ်းကုန်မယ့်
ကာကွယ်ဆေးဟာ ၂၀၁၃ခုနှစ် အတွက် ကာကွယ်ဆေးဖြစ်ပါတယ်။ ၂၀၁၃မှာ အဖြစ်များမယ့်
ဗိုင်းရပ်စ်အမျိုးအစားတွေကို ၂၀၁၂ ခြောက်လပိုင်းလောက်ကတည်းက ကြိုတင်
တွက်ချက်ထားရတယ်။ ဘယ်နေရာတွေမှာ ဘယ်ပိုးတွေ အဖြစ်များလဲ၊
outbreakဖြစ်လဲဆိုတာ လေ့လာရတယ်။အဖြစ်များဆုံးအမျိုးအစားတခုဖြစ်တဲ့
influenza A(H1N1)ကတော့ နှစ်စဉ် ကာကွယ်ဆေးမှာ ပင်တိုင်ပါလေ့ရှိတယ်။
ထုတ်လုပ်တဲ့အခါ မြောက်ခြမ်းဒေသ၊တောင်ခြမ်းဒေသ အတွက်ဆိုပြီး ခွဲခြား
ထုတ်လုပ်တယ်။ မြန်မာနိုင်ငံက တောင်ဘက်ခြမ်းမှာ ရှိလို့
တောင်ဘက်ခြမ်းအတွက်ထုတ်တဲ့ ကာကွယ်ဆေးကို အသုံးပြုရတယ်။
ကာကွယ်ဆေးတိုင်းဟာ အပူချိန် ၂-၈ဒီဂရီ ဆဲလ်ဆီးယပ်အတွင်း ထိန်းသိမ်းရတယ်။
မအေးခဲစေရဘူး။ အလင်းရောင်နဲ့ တိုက်ရိုက်မထိတွေ့ စေရဘူး။ဆေးကို ဖောက်ပြီးရင်
ချက်ခြင်း အသုံးပြုရတယ်။ သတိပြုသင့်တာက ဖျားနေတဲ့လူနာကို
တုပ်ကွေးကာကွယ်ဆေး ထိုးမပေးသင့်ဘူး။ အဖျားကျပြီး ရောဂါပျောက်မှ
ထိုးပေးသင့်တယ်။
ကာကွယ်ဆေး တစ်လုံးမှာ ဆေး 0.5mlပါဝင်ပါတယ်။ တခါတည်း ဆေးရည်ထည့်ထားတဲ့
prefilled syringeဖြစ်တယ်။ 25G needle အပ်နဲ့ တခါတည်း တွဲပြီးသား ဖြစ်တယ်။
အပ်က 16mm ရှည်တယ်။ ဆေးမထိုးခင် လှုပ်ဖို့ လေဟာနယ် လုပ်ပေးထားတယ်။
ဆေးမထိုးခင် အရင်လှုပ်ရတယ်။ အရောင်နည်းနည်း နောက်လာနိုင်တယ်။
အရောင်ပြောင်းတာ၊အမှုန်အမွှားတွေ တွေ့နေရင် ဆေးကို မသုံးဘဲ လွင့်ပစ်ရပါတယ်။
တုပ်ကွေး ကာကွယ်ဆေးကို အသက် ၆လ အရွယ်က စထိုးပေးနိုင်တယ်။
ဆေးထိုးတဲ့အခါ ကလေးdose နဲ့ လူကြီး doseမတူညီဘူး။ အသက်သုံးနှစ်အောက်
ဖြစ်ရင် 0.25ml(ဆေးရဲ့ တဝက်)ကိုသာ ထိုးပေးရမယ်။ အသက်သုံးနှစ် အထက်ကစပြီး
0.5ml အပြည့် ထိုးပေးနိုင်တယ်။
ဆေးထိုးတဲ့အခါ လက်မောင်းအထက်ပိုင်uးpper armရဲ့ deltoid region မှာ
အသားဆေးထိုးပေးရတယ်။ အသက် တစ်နှစ်အောက်ဖြစ်ရင် ပေါင်မှာ (vastus lateralis
muscle) အသားဆေးထိုးပေးရတယ်။
ပုံမှန်အားဖြင့်
တစ်နှစ် တစ်ကြိမ်ထိုးရပေမယ့် အသက် ၉နှစ်အောက် ဖြစ်ရင် စထိုးတဲ့နှစ်မှာ
တစ်နှစ်အတွင်း နှစ်ကြိမ်ထိထိုးပေးရတယ်။ ပထမအကြိမ်ထိုးပြီးနောက် တစ်လအကြာမှာ
ဒုတိယအကြိမ် ထပ်ထိုးပေးရတယ်။ နောက်နှစ်တွေမှာ တစ်ကြိမ်ထိုးရုံနဲ့
လုံလောက်ပါတယ်။ အသက်၉နှစ်နဲ့ အထက်ဆိုရင် ပထမအကြိမ် စထိုးကတည်းက တစ်နှစ်
တစ်ကြိမ်ထိုးရုံနဲ့ လုံလောက်တယ်။ ဆေးထိုးပြီး ၂ပတ်ဆိုရင်
တုပ်ကွေးကာကွယ်တဲ့ antibodyစတက်လာတယ်။ ဆေးထိုးပြီး ၆-၁၂လ အကြာမှာ
တုပ်ကွေးကာကွယ်တဲ့ ခုခံအားပမာဏ ကျဆင်းလာပါတယ်။ ဒါ့ကြောင့် တုပ်ကွေး
ကာကွယ်ဆေးကို တစ်နှစ်တစ်ကြိမ် ပုံမှန်ထိုးပေးဖို့ လိုအပ်ပါတယ်။
ပုံမှန်အားဖြင့် အောက်တိုဘာ၊နိုဝင်ဘာ၊ဒီဇင်ဘာလတွေဟာ တုပ်ကွေး အဖြစ်များတဲ့
အရေးကြီးဆုံးလတွေ ဖြစ်တယ်။
ဘေးထွက်ဆိုးကျိုး
-ဆေးမတဲ့တာ ရှိနိုင်တယ်။
-ထိုးတဲ့ နေရာမှာ နာတာ၊ရောင်တာ ဖြစ်တတ်တယ်။
-အဆစ်အမြစ်ကိုက်၊ကြွက်သားရောင်တာ ရှိတတ်တယ်။
-ဖျားချင်သလို၊အားယုတ်သလို ခံစားရတတ်တယ်။
-ခေါင်းကိုက်တာ၊ပျို့ချင်၊အန်ချင် ဖြစ်တတ်တယ်။
-သွေးဥမွှားနည်းတာ ယာယီ ဖြစ်နိုင်တယ်။
-လက္ခဏာ အများစုဟာ ၁-၂ရက်အတွင်း သက်သာတတ်တယ်။
ကိုယ်ဝန်ဆောင်၊နို့တိုက်မိခင်တွေ
လိုအပ်ရင် အသုံးပြုနိုင်တယ်။ ဆရာဝန်ခွင့်ပြုချက်နဲ့
အသုံးပြုရမယ်။အသက်အရွယ်မရွေး အသုံးပြုနိုင်တယ်။ သို့သော် အသက် ၆လအောက်
ကလေးငယ်တွေ ထိုးမပေးသင့်ဘူး။
Vaxigrip ကာကွယ်ဆေး ထုတ်လုပ်ပုံ အဆင့်ဆင့်
၁။သန္ဓေသားလောင်း ပေါက်စပြုနေတဲ့ ကြက်ဥထဲမှာ ပိုးထည့် မွေးမြူပြီး ထုတ်လုပ်ထားတယ်။
၂။သန္ဓေသား၁၀ရက်ကျော်ရှိတဲ့ ကြက်ဥထဲက allantoic cavityထဲကို တုပ်ကွေးပိုးအမျိုးအစား တမျိုးချင်းစီ ထည့်ပြီးမွေးမြူရတယ်။
၃။ထည့်တဲ့အခါ neomycin solution အရည် 0.5mgကိုပါ ရောထည့်ရတယ်။
၎။ပိုးမွေးပြီးနောက် allantoic fluidအရည်ကို စုပ်ယူပြီး သန့်စင်အောင် လုပ်ရတယ်။
၅။ဗိုင်းရပ်စ်မျိုးကွဲ antigen ရအောင် အဆင့်ဆင့်သန့်စင်ပြီး လုပ်ယူရတယ်။
၆။ရလာတဲ့ antigenကို formaldehyde အသုံးပြုပြီး မကူးစက်နိုင်အောင် inactivateလုပ်ရတယ်။
၇။နောက်ဆုံးမှာ ရလာတဲ့ ဗိုင်းရပ်စ်မျိုး ခွဲသုံးခုကို normal salineနဲ့ ရောပြီး တခုတည်းဖြစ်အောင် အတူတကွပေါင်းစပ်ရတယ်။
၈။ပေါင်းစပ်တဲ့အခါ အမျိုးအစားကွဲပိုးတွေ ထည့်ထားတာကြောင့် thimerosalဆိုတာကို ထပ်ပေါင်းထည့်ပေးရတယ်။
ဒေါက်တာ အေးမင်းထူး
၂၁.၅.၁၃
Alodise(Fish collagen,Aloe Vera gel) အလိုရှိတိုင်း နုပျိုစေရမည်
Mega Teen(dietary supplement) ဆေးသောက်ရင် အရပ်ရှည်မှာလား
အစာအိမ်အချဉ်ပေါက်ခြင်းအတွက် ပန်းရောင်Kremil-S
မြန်မာနိုင်ငံမှာ လေးလုံး တစ်ကဒ် ပုံစံနဲ့ လာတယ်။ ကဒ်အရောင်က ပန်းရောင်ဖြစ်လို့ ပန်းရောင် ခရီမေးလ်-အက်စ်လို့ ခေါ်ကြတယ်။
Cephalosporin အသုံးများပိုးသတ်ဆေး
Spectrum(staph,strep(not enterococcus),E.coli,proteus,Kleb:)
-Parental route(cefazolin,cephalothin)
-Oral route(cephalaxin,cefadroxil,cephradine)
2nd gen: cephalosporin
Spectrum(1st gen: spectrum+H.influ(including beta-lactamase)
-Parental route(cefuroxime ,cefamanole)
-Oral route(cefaclor,cefuroxime,cefprozil)
Subscribe to:
Posts (Atom)