ကျွန်
တော်ကအင်ဂျင်နီယာတစ်ယောက်ပါ။နာမည်ကတော့
......ဖြစ်ပါတယ်။ကျွန်တော်ကိုတစ်ခုလော်ရှင်းပြပေးဖို့ရိုသေ
လေးစားစွာပြောပြချင်ပါသည်။
ဆရာခင်
ဗျားမရိုသေစကားကျွန်တော်၏testic
မှာဘယ်ဘက်ကပိုကြီး၍ညာဘက်ကသေးနေပါသည်။၎င်းtestic
အခြေအနေကြောင့်ကလေးမရမှာစိုးရိမ်မိပါသည်။အကယ်၍မရနိုင်လျှင်
ရအောင်လုပ်၍ရနိုင်ပါသလားသိချင်ပါသည်ဆရာ။ကလေးမရမှာစိုးရိမ်သော
ကြောင့်ကျွန်တော်အားရှင်းပြပေးစေလိုပါသည်။ကျွန်တော်သည်
မကြာမီအိမ်ထောင်ပြုတော့ဖြစ်ပါသောကြောင့်ရှင်းပြပေးစေလိုပါသည်
ဆရာ။
လေးစားစွာဖြင့်
ကျွန်တော်တို့ ဆေးကျောင်းတက်တော့ ရောဂါတွေမသင်ခင်မှာ နော်မယ်ဆိုတာဘာလဲ
သိအောင် အရင်လုပ်ရတယ်။ ယောကျာင်္းလေးတယောက်နဲ့ တယောက် testis sizeတွေ
မတူညီကြပါဘူး။အလားတူ လူတယောက်ထဲမှာကို တဖက်နဲ့ တဖက်လည်း size
အကြီးအသေးပြောင်းလဲနိုင်တယ်။ ယေဘုယျအားဖြင့် testisတခုရဲ့ ဆိုက်က အရှည် ၂
လက်မရှိပြီး အကျယ် ၁.၂လက်မလောက် ရှိတယ်။ ယောကျာင်္းလေးအများစုမှာ ဘယ်ဘက်
testis က ပိုကြီးကြတယ်။ ညာသန်ဖြစ်ရင် ဘယ်ဘက်testis က အောက်ဖက်ကို
ပိုကျနေတတ်တယ်။ ပုံမှန်ဖြစ်လို့ မစိုးရိမ်ပါနဲ့။ အကယ်၍ ဖြစ်တဲ့ဖက်က
တဖြည်းဖြည်းပိုကြီးလာတာ၊မခံမရပ်နိုင် နာကျင်လာတာ၊အလုံးအကျိတ်ထွက်တာမျိုး
ရှိရင် ဆရာဝန်နဲ့ ပြသသင့်တယ်။ အထက်ပါအကြောင်းတွေ ဘာမှမရှိရင်တော့
စိုးရိမ်ဖို့မလိုအပ်သလို ဆရာဝန်နဲ့ ပြဖို့လည်း မလိုအပ်ဘူး။ ဆိုက်
အကြီး၊အသေး အပြောင်းအလဲက သူရဲ့ မျိုးပွားနိုင်စွမ်းကို တစုံတရာ
မထိခိုက်စေနိုင်ဘူး။ ဒီအတွက် ကလေးမရမှာကိုလည်း စိုးရိမ်သောက
ရောက်မနေပါနဲ့တော့။ မိမိစိတ်ချမ်းသာသလို အိမ်ထောင်ပြုလို့ရပါတယ်။
ဒေါက်တာ အေးမင်းထူး
၁၄.၇.၁၄
No comments:
Post a Comment